LTAgo 40

2.9K 254 0
                                    

Note- Warning

နွေးထွေးမှုနှင့်စတင်ခဲ့ရသော
ချစ်ခြင်းတရားကို တိုင်းတာပြရမယ်ဆိုလျှင် အကွာအဝေးမည်မျှအတွက် မည်သည့်ကိရိယာကို အသုံးပြုရမည်နည်း။

ရှောင်းကျန့်ကတော့ ရက်နှစ်ဆယ်စာဆိုတဲ့ ပျော်ရွှင်မှုကို ထာဝရသိမ်ဆည်းချင်တော့တာပဲ။နောက်ဆုံးပိတ်အိတ်နဲ့ လွယ်တယ်ပဲဆိုဆို
ဒီလူ...ဒီလူသားနဲ့မှ ဆိုတဲ့ ဖြစ်မြဲပျက်မြဲတွေကို လက်ခံထားတဲ့ ရှောင်းကျန့်က ဒီလူသားနဲ့ ပက်သက်သမျှကို အဆုံးစွန်ထိ ရနိုင်သမျှ သယ်ဆောင်သွားချင်သည်။

မဖြောင့်ဖြူးတဲ့ လမ်းခရီးဆိုတာ သိသည်။
ဘယ်သောအခါမှ ချောမွေ့မဲ့ လမ်းမဟုတ်ဘူးဆိုတာလည်း သိပြန်တာပဲ။

ဒါတောင်မှ....
ဝေဝါးခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေကြား ခဲရာခဲဆစ် တွဲခဲ့ရတဲ့ လက်ဖဝါးလေးတစ်ဖက်မို့ အနွေးဓာတ်ကလေး ပျောက်ကွယ်သွားမှာ သေမတက် ကြောက်ရပါတယ်။

' ရှောင်းကျန့်ကောက ဝမ်ရိပေါ်ကို နိုင်စားလိုက်တာ ' လို့ ဝမ်ဟောက်ရွှမ်းရဲ့ ရှုံ့မဲ့မဲ့ ခပ်ထေ့ထေ့ စကားတွေကို ကြားရတိုင်းး ဘယ်သူမှသိရမှာမဟုတ်တဲ့ အမှန်တရားကို ရှောင်းကျန့်က အမြဲတွေးဖြစ်ခဲ့သည်။

' ကိုယ် နိုင်စားတာ မဟုတ်ရပါဘူး။
သိပ်ချစ်တက်သူချင်းယှဥ်တဲ့အခါ ကိုယ်နောက်ရောက် သွားရတာပါ '

" ချစ်လိုက်ရတာ ရိပေါ်ရယ်.... "

မြို့ပြင်အစွန်းရဲ့ အလယ်တန်းစားဟိုတယ်ခန်းတစ်ခုမှာ အိပ်မောကျနေတဲ့ ကောင်လေးကို ကြည့်ရင်း ရှောင်းကျန့်က ဆိုသည်။

" ငါမင်းကို ချစ်လိုက်ရတာ ဝမ်ရိပေါ်.... "

စကားတစ်ခွန်းဆိုတိုင်း ဝဲတက်လာတဲ့ မျက်ရည်စတွေက အလိုက်မသိပါဘဲ။ကောင်လေးဟာ သူ့မျက်နှာတစ်ချက်မညှိုးအောင် ထားထားတာ။အခုလို ကောင်လေးကို ချစ်ရလွန်းလို့ မျက်ရည်ကျရပါတယ် ဆိုတာ ကောင်လေးများသိရင် လူကို ဆူပူဦးမလားပဲ။ကောင်လေးက သူ့မျက်ရည်တွေကို မကြိုက်ဘူးးးလေ။

ဒီလိုဆိုရင်ဖြင့် ရှောင်းကျန့်က ကောင်လေးကို မေးလိုက်စမ်းချင်ပါဘိ။

Long Time Ago ( Complete) Onde histórias criam vida. Descubra agora