LTAgo 3

6.4K 484 0
                                    

မေလျန်းရှဲ့ ပြန်သွားကတည်းက ရှောင်းကျန့် စီးကရက်တွေ သောက်နေခဲ့တာ တစ်လိပ်ပြီးတစ်လိပ်။
ပြန့်ကြဲနေတဲ့ အတွေးအပိုင်းအစတွေ တစ်စစီလိုက်ကောက်ကြည့်တဲ့အခါ သူ့ဦးနှောက်ထဲဗလာကျင်း သွားသည်။
ဘာအတွေးမှမရှိတော့ဘဲ ထိုစီးကရက် အငွေ့တွေထဲသာ သူပျံဝဲသည်။

သူစီးရက်တွေကို တကယ်ကြိုက်တယ်။
အထူးသဖြင့် မီးခိုးရောင်အငွေ့ခါးခါးတွေထဲ လွင့်ပျံသွားတဲ့ အတွေးတွေကိုပေါ့။

ကောင်းကင်ပေါ် ပျံသန်းနေသော ငှက်ကလေးအချို့ကို သူငေးမောသည်။
အဆင့်မြင့်ကွန်ဒိုအောက်တွင်သွားလာနေကြသော ယာဥ် တစ်ချို့ကို သူ ကြည့်ဖြစ်သည်။
ဝရံတာ တွင် စိုက်ထားသော အလှပန်းအိုးလေးဟာလည်း ညှိုးနေပြန်ပြီ။
ဒီတစ်ခေါက်အိမ်ပြန်ဖြစ်ရင် ဒီပန်းပင်ကို မားမားကိုပြန်ပေးရမည်။

သူမှဂရုမစိုက်နိုင်တာ.... ဂရုစိုက်စေတနာထားပေးမဲ့သူလက်ထဲ ထည့်ရမှာပေါ့။
အင်းးးသူ့ကလည်း အလုပ်မရှိအလုပ်ရာ မြင်မြင်သမျှ ကောက်တွေးနေတဲ့ လူတစ်ယောက်လိုပါပဲလား။အတွေးတွေက တကယ့်ကို ရောက်တက်ရာရာပါပဲ။

" မေ...ဝမ်ရိပေါ်ကိုလက်လွှတ်ပေးလိုက်တော့မယ်..."

" အကိုတို့ကို မေသိပ်စိတ်ပျက်တယ်..."

" ချစ်နေရက်နဲ့များ ခွဲခွာနေချင်ကြတယ်..."

အို...။
"ချစ်နေရက်နဲ့ခွဲခွာနေချင်ကြတယ်"
ဘယ်သူကများ ခွဲခွာနေချင်လို့လဲ။
သူလား?
ဟင့်အင်း။ရှောင်းကျန့်က ဘယ်တုန်းကမှ ချစ်ရသူနဲ့မခွဲခွာချင်ပါဘူး။
မေလျန်းရှဲ့က ဉာဏ်ကောင်းပေမဲ့
ဒီတစ်ခါ သူမတွေးတာ သိပ်မှားသွားပြီ။
ခွဲခွာချင်နေတဲ့ လူနှစ်ယောက် လို့ခေါင်းစဥ်တပ်မဲ့အစား မဖြစ်နိုင်တော့တဲ့လူနှစ်ယောက်လို့ပဲ ရှောင်းကျန့်က ခေါင်းစဥ်တပ်မယ်။စာချုပ်ပေါ်က ညီအကိုတော်စပ်မှုကို မပယ်ဖျက်နိုင်သေးသ၍တော့ သူတို့က မဖြစ်နိုင်တဲ့ လူနှစ်ယောက်ပဲ။

ဘယ်လောက်ပဲလိုချင်နေပါစေ မဖြစ်နိုင်တော့ဘူး ဆိုတဲ့စကားဟာ တကယ်ရှိကြောင်းအခွင့်ကြုံရင်တော့ မေလျန်းရှဲ့ ကိုပြောပြရဦးမည်။

Long Time Ago ( Complete) Where stories live. Discover now