LTAgo 8

4.3K 349 1
                                    

ပေကျင်းမြို့၏သန့်ရှင်းကျယ်ပြန့်သော လမ်းမများအပေါ် ကားလမ်းကြောပိတ်စို့မှုသည် မရှိသလောက်နည်းပါးသည်။မနက်ပိုင်းနှင့်ညပိုင်းသာ လုပ်ငန်းကိစ္စအသွားအပြန်လုပ်တက်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသူနိုင်ငံသားများအတွက် အများသုံးမြေအောက်ရထားနှင့် ဘတ်စ်ကား စနစ်သည်အဆင်အပြေဆုံးဖြစ်သည်တကား။
ထို့အတွက်ကြောင့်လည်း လိုရာခရီးကိုမနှောင့်မနှေးပါဘဲနဲ့ အမြန်ရောက်နိုင်သည်။

မေလျန်းရှဲ့ ချိန်းထားသော အချိန်ထက်မိနစ်စွန်းရုံမျှရောက်ရှိလာသော သူသည် လက်ထဲတွင် ဒေစီပန်းတစ်စည်းနှင့်။
မိန်းကလေးတစ်ဦး ချိန်းထားသည့်နေရာကို ဒီအတိုင်းလက်ဗလာနှင့်မသွားချင်။တစ်ခြားအသုံးအဆောင်ပစ္စည်းများကို သူမဝယ်တက်။မိန်းကလေးအများစုက ပန်းကြိုက်သည်ဟုကြားဖူးလို့သာ သူဝယ်ခဲ့တာ။

ဒေစီပန်း၏ အဓိပ္ပါယ်သည်သန့်စင်ခြင်း ၊အပြစ်ကင်းခြင်း ဟူ၍ပင်။
တစ်နည်းအားဖြင့် လက်မခံနိုင်သည့်အခါ ရက်စက်လွန်းသော အငြင်းဝါကျအစား ဒေစီပန်းလေးပေးလေ့ရှိသည်။မောင်လိုနှမလို ချစ်ပါရစေ၊ တွယ်တာပါရစေ ဟုပင်။

အရောင်းဝန်ထမ်းအမျိုးသမီး၏ရှင်းပြမှုအဆုံးတွင် ရှောင်းကျန့်ကတော့ ဒေစီပန်းစည်းကြီးကောက်ကိုင်လိုက်တော့တာပဲ။
မေလျန်းရှဲ့အပေါ် ညီမလေးတစ်ယောက်လိုပဲ မြင်ပေးနိုင်တော့မည်ဖြစ်တာကြောင့်။ထို့အပြင် သူအားနာလို့။

" မဂ်လာပါရှင် ဘိုကင်လုပ်ထားတာများရှိပါသလား "

" မေလျန်းရှဲ့ နာမည်နဲ့ပါ..."

ကောင်တာက ကောင်မလေးက စာရင်းစာအုပ်ကိုတစ်ချက်ပြန်ကြည့်သည်။
ထို့နောက် အဆင်ပြေသွားဟန်ဖြင့်...

" ဟုတ်ကဲ့ အပေါ်ထပ်ဝိုင်းမှာပါ.... "

စားပွဲထိုးတစ်ဦးသည်သူ့ဘေးတွင်ကပ်ပါလျက် အခန်းကိုလိုက်ပြပေးသည်။
စကားခနပြောရုံနှင့်ပြီးသွားမည့်အလုပ်ကို ဒီလိုသီးသန့်အခန်းတွေမလိုဘူးလို့ ရှောင်းကျန့်ထင်သည်။ထိုစားသောက်ဆိုင်သည်လည်း တော်ရုံစားတန်းမျိုးမဟုတ်။ပေကျင်းမြို့အထိကရ စားသောက်ဆိုင်ပင်။ဆိုင်တွင်အမြဲလူပြည့်တက်သည်မို့ ကြိုတင် ချိန်းဆိုမှုလုပ်ရဖို့ကမလွယ်။ ရှောင်ကျန့်တောင် ဆေးရုံကစီနီယာတွေနှင့် Night Out ထွက်တုန်းက တစ်ခါသာရောက်ဖူးထားခြင်း။ပြီး​တော့ ဆိုင်အပြင်အဆင်နဲ့ Service ပိုင်းသဘောကျလို့ စိတ်ထဲ အမှတ်ရနေတာ။

Long Time Ago ( Complete) Where stories live. Discover now