LTAgo 49

3.4K 262 5
                                    

" ဂုဏ်ပြုတယ်ငါ့ကောင်..... "

ရှန်ပိန် ခွက်ချင်းတိုက်ရင်း ဝမ်ဟောက်ရွှမ်းက ဆိုသည်။

" ဒီနေ့က မင်းပွဲပဲ သားကြီးး အကုန်အေးဆေး... "

အဖြူရောင် suit နဲ့ ဝမ်ဟောက်ရွှမ်းက ရွှေရောင်ဘော်ကြယ်တောက်တောက်တွေနဲ့ သိပ်ကြည့်ကောင်းနေသည်။ရှေ့နေ ငယ်ငယ်ချောချောလေး ဂုဏ်ထူးနဲ့ ဝမ်မျိုးရိုးဆိုတဲ့ ဂုဏ်ပုဒ်ကလေးကြောင့် ပွဲလာသမီးရှင်များက ဝမ်ဟောက်ရွှမ်းကို သိပ်မျက်စိကျနေကြတာ။

ဝမ်အိမ်တော်မှာ ရှိတဲ့ သခင်လေးက နှစ်ယောက်တည်းရယ်...ဝမ်ရိပေါ်လည်း အိမ်ထောင်ကြသွားရော...ပေကျင်းမြို့က မိန်းမတိုင်းက ဟောက်ရွှမ်းရုံးခန်းကို မရှိတဲ့အမှု အရှိလုပ်ပြီး လာအပ်ကြတော့တာပဲ။

ပေါက်တက်ကရ တက်နိုင်တဲ့ မိန်းမတွေက သိပ်ထူးဆန်းသည်။အများသုံး Toilet မှာ ချော်လဲလို့ သန့်ရှင်းရေးဝန်ထမ်းကို တရားစွဲမယ်တာရယ်၊အိမ်မှာ ပန်းကန်ကွဲသွားလို့ အိမ်အကူကို အိမ်တွင်းဖောက်ခွဲဖျက်ဆီးမှုနဲ့ တရားစွဲချင်လို့ပါ ဆိုတာရယ်...တကယ်...တကယ် မိန်းမတွေ တက်လည်း တက်နိုင်လွန်းကြသည်။

ဝမ်ဟောက်ရွှမ်း ဆိုတဲ့ကောင်ကလည်း သိပ်စျေးကိုင်သည်။တော်ရုံမိန်းကလေးဆို လှည့်တောင်မကြည့်။ဒါက ချေမိုးနည်းမဟုတ်ပေမဲ့ ဟောက်ရွှမ်းနှလုံးသားက တစ်ယောက်သောသူထံ အပ်နှံပြီးသောကြောင့်သာ။

ဝမ်အိမ်တော်က အမျိုးသားနှစ်ယောက်လုံး ဂေးနေတာကတော့ အမျိုးသမီးထုအတွက် စိတ်မကောင်းစရာပေါ့။

" ဟျောင့်....မင်းကျန့်ကောက သိပ်ကြည့်ကောင်းနေတယ် မထင်ဘူးလား "

" အဲ့တာငါ့ယောကျ်ား ကျန့်လေ....."

ကျေနပ်အပြုံးကြီးနဲ့ ဝမ်ရိပေါ်က ခွက်ထဲက ရှန်ပိုင်အဝါရောင်ကို တစ်ချိုက်တည်းမော့သည်။ဝမ်ရိပေါ်က အယ်ကိုဟောပြီးတယ် လို့ပြောလို့ရလောက်တဲ့အထိ အယ်ကိုဟောတော်တော်များများကို သောက်နိုင်တယ်။ဒါကို ဟောက်ရွှမ်းပဲ သိတာ။

'ကျန့်ကောရဲ့အချစ်ဦးကြီးက ငါ့ကုမ္ပဏီရဲ့ မန်နေဂျာ ' ဆိုပြီး ငိုသံပါပါနဲ့ရင်ဖွင့်ခဲ့တဲ့ ဝမ်ရိပေါ်က အဲ့ဒီညမှာ Limit ကျော်တဲ့ အထိ သောက်ပြီး မူးနေခဲ့တာ။ရှောင်းကျန့်ကောနဲ့ သူ့ရည်းစားဟောင်း တွေ့သွားမှာကို သေမလောက်ကြောက်တာလည်း ဒီကောင်ပဲ ၊
ရှောင်းကျန့်ကောက သူ့ရည်းစားဟောင်းကို ပြန်စိတ်လည်သွားမှာကို တွေးတွေးပြီးပူရတာလည်း နှစ်ယောက်မရှိတဲ့ ဝမ်ရိပေါ်ပဲ။
အဲ့တာများ မန်နေဂျာကျန်းကို အလုပ်ထုတ်ပြစ်လိုက်ပေါ့ မဟုတ်ဘူးလား။ပြသာနာ မဟုတ်တာကို အကိုဝမ်က ဇာချဲ့လွန်းတယ်။

Long Time Ago ( Complete) Where stories live. Discover now