LTAgo 28

2.9K 268 1
                                    

"ရှောင်းရှောင်း စာလုပ်နေတာတော်တော့....
ထမင်းလည်း လာစားပါဦးးအဆောင်မှာနေတုန်းက ဝဖြိုးနေတာပဲ...အခု မားမားအိမ်ရောက်မှ လူက ချောင်ကျနေလိုက်တာ...
စာတွေပဲ ဖိမလုပ်စမ်းပါနဲ့...သားကဉာဏ်ကောင်းတာပဲ....."

" ကျွန်တော် ဗိုက်မဆာသေးလို့..."

အစာအိမ်တစ်ခုလုံး ဗလာကျင်းနေပါသည်။
သူဘယ်အချိန်ကစပြီး ဘာမှ မစားခဲ့သလဲ ဆိုတာ မမှတ်မိတော့ပေမဲ့....နှစ်ရက်ကျော်လို့မားမားပြန်ရောက်တဲ့ အချိန်မှာတော့ မီးဖိုချောင်တစ်ခုလုံးကို ပြန်ရှင်းခဲ့ရတာပဲ....
ပေါင်းအိုးထဲကထမင်းတွေ သိုးနေသလို...
တူးနေတဲ့ ဝက်သားတွေက မှိုတောင်တက်နေလို့ပါပဲ။

ရှောင်းကျန့်ကတော့ အောက်ထပ်ကို ရေတောင်ဆင်းမသောက်ခဲ့ပါ။
တိတိကျကျပြောရရင် ဝမ်ရိပေါ်ပြန်သွားကတည်းက အခန်းပြင် တောင်မထွက်ခဲ့။

အစာအိမ်တစ်ခုထဲ ဗလာကျင်းနေတာလား ဆိုတော့လည်း မဟုတ်။ဦးနှောက်တစ်ခုလုံး တကယ့်ကို ဦးနှောက်တစ်ခုလုံး ဘာဆိုဘာမှတွေးလို့မရလောက်အောင် ဟာလာဟင်းလင်းဖြစ်နေခဲ့တာပဲ။တကယ်ဆို ကိစ္စတွေက ရှုပ်ထွေးလွန်းလို့ ဘယ်ကနေ အစဖော်ပြီး ရှင်းရမလဲ မသိလောက်အောင် ရှုပ်ထွေးနေခဲ့တာမလို့ ဦးနှောက်တစ်ခုလုံးဟာလာဟင်းလင်း ဖြစ်နေတာ။

" စာက အရေးကြီးတယ်လေ...."

" အရေးကြီးတာတော့ကြီးတာပေါ့....
အခုသားဟာက စာမရလို့ဖြစ်နေတဲ့ ပုံစံမှ မဟုတ်တာ...ရည်းစားပူမိနေတာလား ရှောင်းရှောင်း "

" မားမား....."

" ဒီတစ်ခါဆို လုံးဝမဖြစ်ဘူးနော် ရှောင်းရှောင်းးးတစ်ကြိမ်နဲ့ မှတ်စမ်းပါ...မားမား ဘယ်လိုဒူးထောက်ခဲ့ရသလဲ မင်းခေါင်းထဲ စွဲနေအောင် မှတ်ထား..... ဒါပဲ ပြောမယ်....
အခု မစားချင်သေးရင်နေ....ခဏနေမှ အပေါ်ထပ် ထမင်းလာပို့ပေးမယ်...."

ဒါပါပဲ....။
ဒါဟာ ဇာတ်သိမ်းပါပဲ။

တံခါးအဝမှာရပ်လို့ "ကျွန်တော်က ကျန့်ကောကို သိပ်ချစ်တာ...ရှောင်းမျိုးရိုး ဖြစ်တဲ့ ရှောင်းကျန့်ကို ဝမ်မျိုးရိုးအဖြစ် တရားဝင် ​ပြောင်းပြစ်ချင်တဲ့အထိ ချစ်တာပါ "

Long Time Ago ( Complete) Where stories live. Discover now