LTAgo 46

3.1K 253 5
                                    

" Hello..... "

" မောင် ကုမ္ပဏီက အပြန်  လမ်းမှာ ဖက်ထုပ်ပူပူလေးတွေတွေ့လို့...ကျန့်ကောများစားချင်မလားလို့လေ.... "

" ဗိုက်ဆာနေတာနဲ့အတော်ပဲ...ငါဆေးရုံရှေ့က စောင့်နေမယ်... ရတယ်မလား "

" ရတာပေါ့...မောင် လာပို့လိုက်မယ်... "

" လောင်ဝမ်.... "

" ဗျာ.... "

ရှောင်းကျန့် အောက်နှုတ်ခမ်း တစ်ချက်ကိုက်မိသွားသည်။ဘယ်လိုတောင် ချစ်ဖို့ကောင်းအောင် ထူးရသလဲ ' ဗျာ ' တဲ့။

တစ်ဖက်က ကြွေပါစေ ဆန္ဒမရှိလည်း ရှောင်းကျန့်က သူ့အမျိုးသားဝမ်ရိပေါ်ကို ထိုင်ရင်လည်းကြွေ ၊ ထရင်လည်းကြွေ ၊ လမ်းလျှောက်လည်းကြွေရသလို ၊ အိပ်နေရင်တောင်မှ ရှောင်းကျန့်က အဖန်တလဲလဲ ကြွေနေရပါတယ်...

အခုလို ' ဗျာ ' လို့များ ထူးလိုက်ရင် ရှောင်းကျန့်က နေရာမှာတင် ပြစ်လဲသေရလောက်တဲ့အထိ ဖုန်းမျက်နှာပြင်တစ်ဖက်က သူ့အမျိုးသားလေးကို အူးယားနေမိတော့တာပဲ။

အိမ်ထောင်သက်တစ်လအကျော်မှာ ရှောင်းကျန့်တို့က အရင်လို စိမ်းမနေတော့ဘူး။တစ်ခွန်းမေး တစ်ခွန်းဖြေဘဝက ကျွတ်သွားသလို အသက်ရှင်သမျှကာလပတ်လုံး ပေါင်းဖက်ကြရမဲ့ လူတွေ ဖြစ်တာမလို့ တစ်ယောက်ကိုတစ်ယောက် ပိုနားလည်ဖို့ တဖြည်းဖြည်းချင်း ညှိယူကြသည်။

ရှောင်းကျန့် Duty အချိန်စာရင်းကို အိမ်မှာ မိတ္ထူဆွဲကပ်ထားသလို ရှောင်းကျန့်တစ်နေ့လူနာ ဘယ်နှယောက်လာတာက အစ ဝမ်ရိပေါ်ကို အကုန်ပြောပြဖြစ်သည်။ဝမ်ရိပေါ်ကလည်း Company နဲ့ ပက်သက်တဲ့ ကိစ္စကြီးကြီးငယ်ငယ်ကစ ရှောင်းကျန့်နားမရောက်တာ မရှိရ။

ရှောင်းကျန့်တို့အိမ်ထောင်ရေးက ယခုအချိန်
ထိ အဆင်ပြေပြေရှိနေဆဲ ဖြစ်သည်။

"ကျန့်ကော..... "

" ကားကို ဂရုစိုက်မောင်း လို့ပြောမလို့.... "

" အာ..... "

" အေးး ငါလူနာလာလို့ဖုန်းချလိုက်တော့မယ်..."

" ဟုတ်ပြီ ကော.... "

ဝမ်ရိပေါ်က အိမ်ထောင်သက်တစ်လအတွင်းမှာ ' ဟုတ်ကဲ့ ' ဆိုပြီး မသုံးတော့ဘူး။အိမ်ထောင်ဦးစီးဆိုတဲ့ရာထူးကြောင့် သူ့ထပ်အသက်ခြောက်နှစ်ကြီးတဲ့ရှောင်းကျန့်ကိုတောင် အငယ်တစ်ယောက်လို သဘောထားချင်လာပြီ။ရှောင်းကျန့်ကလည်း အဲ့ကိစ္စနဲ့ပက်သက်ပြီး ဝမ်ရိပေါ်ကို ဘာမှမပြောဖြစ်။

Long Time Ago ( Complete) Where stories live. Discover now