"နေ့လည်စာ စားပြီးပြီလား "
" အင်း စားပြီးပြီ။ဆယ်နာရီလောက်က ထမင်းချက်ဖို့ ကောင်မလေးတစ်ယောက် ရောက်လာတယ်၊ထမင်းဟင်းချက်ပြီးတာနဲ့ သန့်ရှင်းရေးလုပ်ပြီး ပြန်သွားတာပဲ "
" ကောင်မလေးက ငယ်လား "
" လောင်ဝမ်နဲ့ရွယ်တူ လောက်ပဲ ရှိဦးမယ် ၊
မင်းရော ထမင်းစားပြီးပြီလား၊ နေ့လည်စာ စားချိန်ကျော်နေပြီ "" မောင်စားပြီးပြီ၊
ညနေကျ မောင့်သူငယ်ချင်းကို လေဆိပ်မှာ သွားကြိုဖို့ရှိတယ်၊ ကျန့်ကော လိုက်ခဲ့ပေးမလား "" ဟောက်ရွှမ်း ပြန်လာတာလား "
ရုပ်မမြင်ရဘဲ ဖုန်းမျက်နှာပြင်တစ်ဖက်က လူတိတ်ဆိတ်သွားရခြင်းမှာ ရှောင်းကျန့်က သူပြောတဲ့စကား မှန်တယ် လို့ ယူဆလိုက်တယ်။
သူက ဘယ်သူမလို့လဲ။
ဝမ်ရိပေါ်ရဲ့ အမျိုးသား ရှောင်းကျန့်လေ။
ဝမ်ရိပေါ် ပါးစပ်ဟ လိုက်တာနဲ့ ဗိုက်ထဲ အူဘယ်နှခွေ ရှိတယ်ဆိုတာတောင် မျက်လုံးမှိတ်ပြောနိုင်တဲ့ သူမျိုး။" ငါ လိုက်လို့ အဆင်ပြေပါ့မလား။
လောင်ဝမ့် သူငယ်ချင်းက ငါတို့မဂ်လာဆောင်ကိုတောင် လာတာမဟုတ်ဘူး။ငါ့ကို တွေ့ချင်ပါ့မလား "" ဟောက်ရွှမ်း က မောင့်ကို စိတ်ဆိုးနေတာ။
ကျန့်ကော ကို မဟုတ်ဘူး "" ကောင်းပြီ။ငါလိုက်ခဲ့ရတာပေါ့ ။
flight က ဘယ်အချိန် ဆိုက်မလဲ "" flight က ညနေ ခြောက်နာရီလောက်။
ငါးနာရီလောက် မောင်အိမ်ကို ကားလွှတ်လိုက်မယ်။ကျန့်ကော ပြင်ဆင်ထားပေါ့ "" ကောင်းပြီ....."
ပြောစရာ စကား မရှိသလို တိတ်သွားတော့ နှစ်ဦးနှစ်ဖက်မှာ စိတ်ထဲ လေးလံမှုတွေက လျှော့ကျ မသွား။
ဝမ်ဟောက်ရွှမ်း။
သူသိသလောက် ဝမ်ဟောက်ရွှမ်း ဆိုတာ ဝမ်ရိပေါ်ရဲ့ အမျိုးဝေးတဲ့ ဝမ်းကွဲညီ ဖြစ်သလို ဝမ်ရိပေါ်နဲ့အနီးကပ်ဆုံး ရှိရတဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သည်။
အထူးသဖြင့် ရှောင်းကျန့် မသိရတဲ့ ဝမ်ရိပေါ်ရဲ့ခံစားချက်အစိတ်အပိုင်းတွေကို သိခွင့်ရတဲ့ တစ်ဦးတည်းသော သူ။ဝမ်ရိပေါ်အတွက် ဝမ်ဟောက်ရွှမ်းဆိုတာ နှစ်ခါမရှိနိုင်တဲ့ဖြစ်တည်မှုတစ်ခု။