5years old Wang

2.9K 199 4
                                    

" အိမ်တော်ထိန်းကြီး အိမ်တော်ထိန်းကြီး ကယ်ပါဦး...သခင်လေးနှစ်ယောက်ရန်ဖြစ်နေကြလို့.... "

" ဟေ! အစောကအထိအကောင်းပါ...အခုဘယ်လိုဖြစ်ရတာလဲ.... "

လက်ထဲက ရေကရားအိုးကို အမြန်ချပြီး အိမ်တော်မကြီးထဲအမြန်ပြေးရသည်။သူ့အသက်က ငါးဆယ်ကျော်နေပြီမလို့လားမသိဘူး...တော်ရုံအသွားအလာဆိုရင်တော့ ကိစ္စမရှိ ။အခုလို ပြေးလွှားရမဲ့ ကိစ္စတွေပါလာရင် လူက မပြေးနိုင်တော့ပေ။အသက်အရွယ်ရလာသလို အရိုးအဆစ်တွေကလည်း ထင်သလောက် အလုပ်မလုပ်နိုင်တော့။

အင့်!

အ!

" ဝမ်အိပေါ်...အကျင့်မကောင်းတဲ့ကောင်... "

ပြောပြောဆိိုဆိုနဲ့ ချထည့်လိုက်တာ ဝမ်ရိပေါ်ရဲ့ ခေါင်းကို ဖြောင်းခနဲပဲ ။လူကသေးသလောက် အရိုးထဲက အားထွက်တဲ့ ဝမ်ဟောက်ရွှမ်းကို ရိပေါ်ကလည်း မှီရာမှီရာ ဆွဲကိုက်လိုက်တာ ဟောက်ရွှမ်းရဲ့ ဗိုက်သားဖွေးဖွေးတွေမှာ ရိပေါ်ရဲ့သွားရာ အကွင်းလိုက်။

ဟောက်ရွှမ်းကလည်း ရိပေါ်ကို အကိုဆိုပြီး ညှာမယ်ထင်သလား...နိုးပါ။ရိပေါ်ရဲ့ ဆံပင်တွေကို ဆွဲဆွဲစုပ်နေတာ အဲ့ဟောက်ရွှမ်းရဲ့ လက်ထဲမှာ ရိပေါ်ရဲ့ဆံပင်မွှေးတွေဆိုတာ တစ်ခါပါသွားရင် အထွေးလိုက် အထွေးလိုက်။ဒါတောင် ရိပေါ်က ဆံပင်ထူလို့။မဟုတ်ရင် ဟောက်ရွှမ်း ဆွဲဆောင့်သွားတဲ့ နေရာတွေမှာ ဆံပင်တစ်မွှေးမှ ကျန်မှာကို မဟုတ်တော့ဘူး။

" သွား!  ငါ့အိမ်ကို မလာခဲ့နဲ့.... "

သူ့စကားကြောင့် ဒေါသထွက်သွားတဲ့ ဟောက်ရွှမ်းက ရိပေါ်ကို ခြေထောက်နဲ့ လှမ်းကန်သည်။ဘယ်ရမလဲ...ရိပေါ်ပဲလေ...တစ်ခါတော့ အကန်ခံလိုက်တယ်...။နောက်တစ်ခါကန်မယ်လုပ်တော့ ခြေထောက်ကို ဆွဲကိုက်လိုက်တာ...ဟောက်ရွှမ်းက မျက်နှာကြီးကိုနီရဲလို့ ။

" အယ်....သခင်လေးရိပေါ်...ညီလေးကို မကိုက်ရဘူးလေ..... "

ညီလေး!
ဘာညီလေးလဲ...။ရိပေါ်ထပ်နာရီနည်းနည်းလောက် နောက်ကျပြီးမှ မွေးတာနဲ့ ညီလေးဖြစ်သွားရောလားးဟက်!

ဟောက်ရွှမ်းမှာ သူငယ်ချင်းမရှိဘူး။
ဟောက်ရွှမ်းမှာ သူငယ်ချင်းမရှိလို့ ရိပေါ်မှာရှိသလားဆိုတော့ ရိပေါ်မှာလည်း သူငယ်ချင်းမရှိဘူး။သူတို့နှစ်ယောက်အတွက် သူတို့နှစ်ယောက်ပဲရှိတယ်။ရိပေါ်အတွက် သူငယ်ချင်းဆိုလည်း ဟောက်ရွှမ်းပဲ...ညီအကိုဆိုလည်း ဟောက်ရွှမ်းပဲ...ဒါကိုဘာလို့ ရန်ဖြစ်သလဲဆို ဒီကောင် ဟောက်ရွှမ်း အချိုးမပြေလို့။

Long Time Ago ( Complete) Where stories live. Discover now