Wang's

2.2K 167 3
                                    

! ဘုတ် !

! အ !

သူ့စကိတ်ဘုတ်၏ လွင့်စင်ရာက တစ်ယောက်သောသူထံ။အရှိန်ပြင်းပြင်းနဲ့လဲတာမလို့ သူကိုယ်တိုင်ထဖို့ ခဲယဥ်သလို တစ်ဖက်လူကလည်း ခြေကျင်းဝတ်အတော်နာသွားမှာ။ဟိုက လူကြီးပေမို့ အမြန်ထနိုင်ပေမဲ့လည်း သူကတော်တော်နဲ့မထနိုင်။ ပြောဆို သူ့ဒူးတွေပြဲပြီး ခြေသလုံးတစ်ခုလုံး ညိုပုတ်နေပြီလေ။လက်တစ်ခုလုံးစပ်ဖျင်းဖျင်းဖြစ်နေပုံထောက် ပွန်းပဲ့သွားတာပဲနေမှာ။

" ညီလေး အဆင်ပြေရဲ့လား "

မေးလာသည်က ဝတ္တရားအရ။

လိုချင်တဲ့မေတ္တာတရားမှာ တာဝန်ဆိုတာမပါသလို ဝတ္တရားအရ ပြောလာမဲ့ ခပ်တန်းတန်းစကားတွေကိုပါ မလိုချင်ခဲ့တာအမှန်ပဲ။
သူ့ခန္ဓာကိုယ်ရဲ့အရိပ်တောင် ကိုယ့်လောက် သူ့နောက်မြဲနိုင်ပါ့မလား မသိပေမဲ့ ရိပေါ်ကတော့ တစ်ယောက်သောသူနောက် အရိပ်တစ်ခုလို ဖြစ်နေခဲ့ပြီ။

မူလတန်း ပထမနှစ် ဒီဇင်ဘာမှာ လာအတည်ပြုခဲ့တာက မှဲ့ကလေးတစ်လုံးပါတဲ့။အရင်ကထပ်ပိုကြည့်ကောင်းလာတဲ့ အကိုကြီးက ရိပေါ်မျက်လုံးထဲမှာတော့နှုတ်ခမ်းထောင့်က မှဲ့ကလေးတစ်လုံးနဲ့ လှလာသလိုပဲ။ကလေးအမြင်မလို့လား မသိပေမဲ့  တစ်နေကုန်ထိုင်ကြည့်တောင် ရိုးအီသွားမှာမဟုတ်တဲ့ ဖြစ်တည်မှုမျိုးနဲ့ မှဲ့နက်ကလေးက ရိပေါ်ရင်ထဲ နေရာအပြည့်ယူထားတက်သည်။

မနေနိုင်စွာ အဆာအငတ်ခံဆန္ဒပြခဲ့သည်က မူလတန်းဒုတိယနှစ်မှာ။ပေကျင်းမြို့ပေါ်က အကောင်းတကာ့အကောင်းဆုံးကျောင်းကြီးကို ပြစ်ပြီး အထူးတလည်ရွေးမိသည်မှာ ချုံချင်းမြို့ပေါ်က ကျောင်းသေးသေးလေး။အပါးက အကြီးအကျယ်စိတ်ဆိုးခဲ့ပေမဲ့ အဆာအငတ်ခံဆန္ဒပြတဲ့ ရိပေါ်ကိုတော့ လွန်ဆန်နိုင်ခြင်းမရှိခဲ့ဘူး။ဆန္ဒပြခြင်းရဲ့ ဆိုးကျိုးအနေနဲ့တော့ ရိပေါ် ဆေးရုံမှာ တစ်ပတ်လောက် သောင်တင်နေခဲ့တာ။ဟောက်ရွှမ်းကတော့ ဘယ်ပြောကောင်းမလဲ...ငိုတာပေါ့...

တကယ်တော့ ရိပေါ်လည်းမသိဘူး။
ဘာလို့ ဒီကျောင်းသေးသေးလေးကို လာတက်မိမှန်း ရိပေါ်တကယ်မသိဘူး။

Long Time Ago ( Complete) Where stories live. Discover now