LTAgo 25

3.1K 302 1
                                    

" ဋ္ဌာနမှူး...အခုရောက်နေတဲ့ လူတွေကို ဘယ်လို လုပ်လိုက်ရမလဲ "

" ခဏနေပါဦး...ငါ့ခေါင်းတစ်ခုလုံးလည်း ထူပူနေပြီ...စဥ်းစားချိန်လေး ပေးပါဦးလား "

" ဋ္ဌာနမှူးလိုလူတောင် မသိရင် ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ "

ပေကျင်းမြို့ ရဲစခန်းတွင် ဖြစ်သည်။

" ကျန့်ကော လက်နာနေသေးလား "

" ဝမ်ရိပေါ် စောက်ကဲ မပိုစမ်းနဲ့...။ကျန့်ကော လက်နာနေသေးလား ဆိုပြီး မေးတာ အခါငါးဆယ် မကတော့ဘူး။ရှောင်းကျန့်ကောကလည်း ဝမ်ရိပေါ်ဆိုးသမျှ ထိန်းမယ်မရှိဘူး လောင်စာဖြည့်နေတယ်။ကြာရင် ဒီကောင် ဒီ့ထပ်ပိုဆိုးတော့မှာ "

ဝမ်ဟောက်ရွှမ်း၏ ဆုံးမစာ တစ်သီကြီးနောက်တွင် မကျေမချမ်း ဖြစ်သွားရသူက
ဝမ်ရိပေါ်ပင်။ရှောင်းကျန့်ကတော့ ဝမ်ဟောက်ရွှမ်း ပြောတဲ့အထဲ အမှားမပါသည်မို့ ငြိမ်ပြီးတော့သာ နားထောင်နေလိုက်ပါတယ်။
တကယ်လည်း မှန်နေတာပဲကို။

" ဆရာတို့နှစ်ယောက် ညှိပြီးရင် အမှုပိတ်မလား မပိတ်ဘူးလား ဆုံးဖြတ်ပြီးပြီလား "

" မပိတ်ဘူး ဒီမိမဆုံးမဖမဆုံးမ ကောင်တွေကို ရုံးတော်အထိ တရားစွဲပြီး တစ်သက်လုံးထောင်ထဲမှာ ပဲထမင်းစားရအောင် လုပ်မှာ "

" ဝမ်ရိပေါ် တော်ရုံဇီဇာကြောင်စမ်းပါ။မင်း လေဆိပ်က CCTV လည်း ပြန်ကြည့်ပြီးပြီ။ခံရတဲ့သူက တစ်ဖက်က။မင်းတို့ဘက်အသာစီးကရခဲ့တာပဲ။တစ်ဖက်ကလည်း ဆေးရုံထိ ရောက်နေရပြီ။ဒီလောက်နဲ့ ကျေနပ်စမ်းပါ "

" မင်းဘာသိလို့လဲ ဝမ်ဟောက်ရွှမ်း "

" သူတို့ ရှောင်းကျန့်ကော ကို စကားနဲ့ စော်ကားခဲ့တယ်။ဒါအသားပဲ့ပါ သွားတာ မဟုတ်ဘူး။မင်းတို့ယူထားတာက ယောကျ်ားချင်းလေ။ဒီလောက်တော့ အပြောခံရမှာပေါ့၊ အဲ့တာကို ကြိုမတွေးဘူးလား "

" တောက်ခ်...."

တောက်ခ် ခေါက်သံအကျယ်ကြီးသည် ရဲစခန်းထံတွင် ကျယ်လောင်လို့ ထွက်ပေါ်သည်။

" တော်ပြီ...လောင်ဝမ်။
အမှုပိတ်ပါ့မယ် အရာရှိ "

" ကျန့်ကော....."

Long Time Ago ( Complete) Where stories live. Discover now