LTAgo 6

5.1K 436 2
                                    

တစ်ခဏအတွင်းဖြစ်သွားရသော လက်ထပ်ပွဲသည် ရှောင်းကျန့်ဆန္ဒ ပါလို့လည်းမဟုတ်။
မပါလို့လည်းမဟုတ်။
အခြေနေတစ်ခုကြောင့်သာ လက်ခံလိုက်ရတာ။သူတစ်ယောက်တည်းကြောင့်နဲ့ ဝါသနာကိုစွန့်လွှတ်ပြစ်လိုက်ရတဲ့ ကောင်လေးအပေါ် အပြစ်ရှိသည် လို့ခံစားရလို့သာ။

သူ့ကြောင့်နဲ့ တက်လမ်းအပျောက်ခံခဲ့ပြီး ပုံစံခွက်ထဲနေထိုင်ဖို့ဆုံးဖြတ်ခဲ့တဲ့ ကောင်လေးကို မအံ့သြဘဲမနေနိုင်ပါ။

ဝမ်ရိပေါ် ထိုသို့လုပ်လို့လည်း သူ့အပေါ်ခံစားချက်ရှိနေပါသေးသည်ဟုလည်း တထစ်ချမတွေးရဲ။မိုက်ရူးရဲဆန်လွန်းသည်ဟုသာ ခပ်ချဥ်ချဥ်တွေးပြစ်လိုက်သည်။

အကယ်၍သူသာ ဝမ်ရိပေါ်ကို လက်ထပ်ဖို့ငြင်းဆန်ခဲ့မယ်ဆို အရာရာနစ်နာသွားမည့်သူဟာ ဝမ်ရိပေါ်ပင်။သူ့ကို ဘာ့အတွက်ကြောင့် လက်ထပ်ချင်သလဲဆိုတာ မသိပေမဲ့ အခုလိုအခြေနေကလည်း အဆင်ပြေတာပဲလေ။

အဖေမတူအမေကွဲ ညီအစ်ကို နှစ်ယောက် လက်ထပ်မည့်သတင်းဟာ ပေကျင်းတစ်မြို့လုံး အုံးအုံးကြွတ်လို့ပဲ။

သို့ပေမဲ့ ဝမ်ရိပေါ်ဟာ ထိုသတင်းစကားတွေကိုကြားဟန်မတူ။လျစ်လျူပင်ရှုထားလိုက်
သေးသည်။ဝမ်သခင်ကြီး၏ အာဏာကြောင့်လည်းထိုအတင်းအဖျင်းများဟာ ရက်အကြာမခံလိုက်ဘဲနေ့ချင်း ညချင်းလေထဲပင်ပျောက်သွားရ၏။

ဝမ်ရိပေါ် တစ်ယောက်လက်ထပ်ပွဲအတွက်ပြင်ဆင်နေသည်ကတော့ တကယ်အားကြိုးမာန်တက်ပင်။ဝန်ထမ်းအချို့နဲ့လွှဲထားလို့ရမည့် ခန်းဝင်ပစ္စည်းကစလို့ သူတို့နှစ်ဦးနေထိုင်မည့်အိမ်အသစ် အဆုံး ကိုတစ်ယောက်တည်း အသေးစိတ်
မမောနိုင်မပန်းနိုင် ပြင်ဆင်သည်။
ဝမ်ရိပေါ် တစ်ယောက် ဦးဆောင်ပြင်ဆင်နေရ၍ ရှောင်းကျန့် အားနေမည်လား ဆိုတော့လည်းမဟုတ်ရပြန်။

မဂ်လာ ဝတ်စုံကအစ မဂ်လာဦးကုတင်အရောင်စုံထိ ရှောင်းကျန့်တာဝန်ပင်။
အကြောင်းပြချက်ကတော့ " ကျန့်ကောက အရောင်လှတာလေး ရွေးတက်တယ် " ဆိုတဲ့နှုတ်ချိုချိုလေးဖြင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကိုခိုင်းစားသွားတာ။ရှောင်းကျန့်မှာ မလွန့်သာမလူးသာဖြင့် အရောင်ရွေးခြင်း အမှုကိုလုပ်ဆောင်ရပြန်သည်။

Long Time Ago ( Complete) Where stories live. Discover now