ကျောင်းဆင်းချိန် ဖြစ်သည့်အတွက်
အညိုရောင် ပါကေး ကော်ရစ်ဒါ တစ်လျှောက် သက်ဆိုင်ရာ အတန်းများသည် ခြောက်ကပ်လို့နေသည်။သို့သော် ရှောင်းကျန့်၏ ခံစားချက်များသည် မပြောင်းမလဲ
ဒီနေရာ ဒီအရပ်ရောက်တိုင်း ငလျင်အသေးစားလေးကတော့ ဝဲရင်အုံမှာ အမြဲ လှုတ်ခတ်နေတုန်းပင်။10-1
လူသူကင်းမဲ့နေသော အတန်း တစ်ခုသည် ရှောင်းကျန့် အာရုံထဲတွင် ကျောပြင်သေးသေးလေး ကို ပြန်မြင်ယောင်လာလို့လာ
စေသည်။မျက်တောင်ကော့ကော့လေးတွေ ဝန်ရံထားတဲ့ မျက်လုံးအိမ် မို့မို့လေး၊ နှုတ်ခမ်းပါးများ ကော့ညွှတ်စွာ ပြုံးရင်း လက်ချောင်းသွယ်သွယ်လေး ထံ ဘောပင်တစ်ချောင်း အကျအန ကိုင်လို့ စာရေးနေသည့် အချစ်ဦးသူ ငယ်ချစ်ကလေးက ရှောင်းကျန့် အမြင်အာရုံကို ဝေဝါးစေသည်။
" ငါ ငိုလို့မရဘူးမလား....
မင်းအပေါ် အရမ်းကြီးတဲ့ အပြစ်ကို လုပ်ခဲ့တာ မလို့ ငါငိုဖို့တောင် မတန်ဘူး မလား "မျက်လုံးအိမ်ထဲ ပြည့်လျှံ လာသည့် မျက်ရည်စတွေကို မာန ဖြင့် ပုတ်ခတ်သိမ်းဆည်း လိုက်သည်။ရှက်တက်ရင် လဲသေဖို့ ကောင်းနေပြီ ရှောင်းကျန့်။
" ရှောင်းကျန့်....ဘာရပ်လုပ်နေတာလဲ...လာလေ..."
" ဟျောင့်...ရပ်မနေနဲ့ လာခဲ့...အားလုံး မင်းကို စောင့်နေတာ...."
ရှောင်းကျန့် ထိုအခန်းရှေ့ ရပ်မနေသင့်တော့ဘူး ဟု ထင်မိတာကြောင့် အခန်းရှေ့မှ လှည့်ထွက်ဖို့ အလုပ် 10-1 အခန်းထဲမှ လုဝေရဲ့ အသံဆာဆာလေးနှင့် အတန်းခေါင်းဆောင် ယွမ်းစန်းရဲ့ ငှက်ဆိုးထိုးသံ ကြီးကို တွဲလျက် ကြားလိုက်ရ၏။မသိစိတ်၏မြစ်ဖျားခံရာကအနည်းနဲ့အများ တုန်လှုပ်သွားရသည်။
သူအကြားအာရုံ ချို့ယွင်းသွားတာများလား ။
" အေး ဆောရီးကွာ။
အိမ်မှာ မားမားက ဆူနေလို့ လာတာ နောက်ကျသွားတယ်..."ရှောင်းကျန့်အတွေးများနေတုန်း ရှောင်းကျန့်နဲ့ အသံတူ ကောင်လေးတစ်ယောက်၏ ညစ်ညူးနေသည့် အသံကျယ်ကျယ်ကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်ကြောင့်
ရှောင်းကျန့်၏ အရိုးအခြင်တွေအားလုံး သတိအနေထားဖြင့် ထောင်တက်သွားရသည်။
![](https://img.wattpad.com/cover/282901037-288-k395528.jpg)