Lucky Boy Wang

1.8K 143 0
                                    

" ကျွန်တော်တို့ အိမ်ထဲဝင်လို့မရတော့ဘူး  "

ရွှန်းစိုနေတဲ့ မျက်ဝန်းအစုံဟာ ခါတိုင်းထပ် ပို
ပြီးပွင့်ဟနေခဲ့သည်။ပထမဆုံးအကြိမ် ရိပေါ်ကြောင့် ဖြစ်တည်သွားတဲ့ ကျန့်ကောရဲ့ တုန့်ပြန်မှုသေးသေးလေး။

" သားရိပေါ်...မားတို့အိမ်မှာပဲ ထမင်းစားသွားပါ့လား "

မားမားက ပျူငှာသလောက် သူ့ကျန့်ကောကတော့ သူ့ကိုကြိုဆိုမည်မထင်။မျက်နှာ
ပြောင်တိုက်တယ်ပဲ ဆိုဆို ရိပေါ်က ဒီအိမ်မှာတစ်ခဏလောက်လေးဖြစ်ဖြစ်နေချင်သေးသည်။ချစ်ရသူရဲ့အရိပ်က ဘယ်လောက်အေးချမ်းသလဲဆိုတာ ချစ်ဖူးသူတိုင်းအသိပဲ။

လမ်းမှာလဲကျနေတဲ့ အမျိုးသမီးကြီးက ကျန့်ကောအမေမှန်းသိလို့ သူတမင်ကူညီပေးခဲ့တာ။တကယ်ဆို ရိပေါ်က ကိုယ်နဲ့မသိတဲလူတစ်ယောက်ကို အသားလွတ်ကြီးကူညီပေးရအောင်အထိ စိတ်ထားကောင်းတဲ့သူမဟုတ်ဘူး။အကျိုးလိုလို့ ညောင်ရေသွန်းတာ။

" အားနာပေမဲ့ ကျွန်တော် ဒီမှာပဲစားသွားလိုက်တော့မယ်နော် အားရီ.... "

" အားရီတွေ ဘာတွေလုပ်မနေနဲ့...မားမားလို့ပါ ခေါ်ပါကလေးရဲ့.... "

တစ်ယောက်သောသူရဲ့ မျက်စောင်းတွေကိုချည်း ရရှိနေလည်း ရိပေါ်ကပျော်နေတယ်။
ဒီအချိန်မှာ ဂေါ်နဲ့ကော်ထုတ်လည်း ရိပေါ်က ဒီအိမ်ကနေ ခြေတစ်လှမ်းမှ မရွေ့ချင်ဘူး။
ကျန့်ကောက သူ့ကိုမလိုလားရင်တောင် အနည်းဆုံးတော့ ဝမ်ရိပေါ်ဆိုတဲ့ ဖြစ်တည်မှုကို သတိပြုမိသွားပြီလေ။ကျန့်ကောရှေ့ကဝမ်ရိပေါ်အဖြစ်....ငေးနေရတဲ့ကောင်လေး
တစ်ယောက်သာသာမဟုတ်ဘဲ ဝမ်ရိပေါ်အဖြစ် သူမတ်တပ်ရပ်နိုင်ခဲ့ပြီ။

ကစားစရာအရုပ်လေးပြန်လုပေးချင်ခဲ့တဲ့
လေးနှစ်အရွယ် ကလေးတစ်ယောက်မဟုတ်တော့ဘူး။နွေရာသီကျောင်းပိတ်ရက်တိုင်းလာငေးနေတဲ့ ငါးနှစ်သားလေးလည်း မဟုတ်ပြန်ဘူး။အကိုကြီးရှောင်းကို လွမ်းနေမိတဲ့ ခြောက်နှစ်ကလေးလေးလည်း မဟုတ်ခဲ့ဘူး။စကိတ်ဘုတ်လေး ကောက်ဖို့မေ့နေခဲ့တဲ့
ခုနစ်နှစ်အရွယ်ကောင်လေးတစ်ယောက်မဟုတ်ဘဲ ဆယ့်နှစ်နှစ်ရွယ်ကောင်လေးဟာ ချစ်ရသူရှေ့မှာ အဆုံးစွန်ထိ ရင်ကိုကော့လို့ ကျောကိုမတ်နေခဲ့သည်။သူဟာ အားကိုးရတဲ့ယောကျ်ားတစ်ယောက်ပါ ၊ သူဟာ ယုံကြည်ရတဲ့ ယောကျ်ားမျိုးပါ ၊ သူဟာ အရွယ်ရောက်တော့မဲ့ ယောကျ်ားတစ်ယောက်ရဲ့အသွင်ပြင်မျိုးနဲ့ပေါ့....

Long Time Ago ( Complete) Where stories live. Discover now