" နိုးပြီလား "
အပြာရောင်မနက်ခင်းရဲ့ စတင်တေးသီက ချစ်ရတဲ့ဝမ်ရဲ့ နှုတ်ခွန်းဆက်သခြင်း။
မဟုတ်တာလုပ်ထားသူမို့ပေလား မသိ ဝမ်ရိပေါ်ရဲ့ မျက်နှာကို စေ့စေ့မကြည့်ရဲ။ခေါင်းငုံ့ထားပေမဲ့ တစ်ဖက်လူက အကျီမကပ်သေးမှန်း လှုပ်ရှားနေတဲ့ ခြေထောက်အစုံကိုကြည့်ပြီး သူခန့်မှန်းနိုင်သည်။
" ကျွန်တော် မနက်စာမှာထားတယ်။အရင်စားလိုက်.... "
ကြမ်းပြင်ပေါ်က အဝတ်တစ်ချို့ကောက်ယူ ဝတ်နေတာကို မြင်တော့ စိတ်ထဲအလိုမကျချင်သေးဘူး။တကယ်ဆို ဝမ်ရိပေါ်က အကျီမဲ့နေချိန် စောက်ရမ်းမိုက်တာကိုးးးး။
" ရိပေါ်.... "
ဒီတစ်နေ့အတွက် ပထမဆုံးအကြိမ် ဝမ်ရိပေါ်ကို ကြည့်မိခြင်းးးး။
" ငါမမှားဘူးမလားးး "
တကယ်လည်း သူမှားတယ်လို့ အခုထိ မခံစားရသေးပေ။ချစ်လွန်းလို့ပါ ဆိုတဲ့အကြောင်းပြချက်ပဲ ရှိတဲ့ သူ့မှာ တောင်းပန်ဖို့ အင်အားလည်း မရှိဘူး။
လက်သီးဆုပ်ကို တင်းတင်းကျစ်ထားတဲ့ ဝမ်ရိပေါ်က သူ့ကို လှည့်ကြည့်မလာပါဘူးး။သက်မဲ့စားပွဲခုံကိုသာ စိုက်ကြည့်လို့လေ။အခုချိန်မှာ သူက စားပွဲခုံလောက် ရိပေါ်ရဲ့ အတန်းရှင်း ကို မရတော့တာများလားးး။
အဟက်!!!
လွန်ခဲ့တဲ့လေးဆယ့်ရှစ်နာရီတုန်းက ' ကျန့်ကော ' ဆိုပြီးသဲသဲလှုပ်ခဲ့တာ သူမဟုတ်တဲ့အတိုင်း၊ကျောင်းကပွဲကအပြန် ချုံချင်းစျေးတစ်ခုလုံးပတ်ခဲ့ကြတာ ရှောင်းကျန့်နဲ့ဝမ်ရိပေါ် မဟုတ်တဲ့အတိုင်း၊ချုံချင်းလမ်းမကြီးပေါ် စကူတာတစ်စီးနဲ့ တစ်ဖက်သတ်အတွေးတွေနဲ့ ခိုးရယ်ခဲ့ကြတာ သူတို့မဟုတ်တဲ့အတိုင်း။တကယ်...ဝမ်ရိပေါ်က ပြတ်သားလွန်းလိုက်တာ....." ငါ ထွက်သွားပေးမယ် ရိပေါ်... "
အနာကျင်ရဆုံး လမ်းခွဲမှုမှာ ထွက်သွားသူနဲ့ ကျန်ရစ်သူ ဆိုတဲ့ နှစ်မျိုးနှစ်စား ရှိတယ်။
ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်နေချိန်မှာ ရှောင်းကျန့်က အသက်သာရဆုံးနာကျင်နည်းကို ရွေးတယ်...သေချာပေါက် ရှောင်းကျန့်က ထွက်သွားသူ ဖြစ်သင့်တာ မလား။