LTAgo 31

2.7K 257 1
                                    


" ကျန့်ကော......"

" ကျန့်ကော....."

ကြက်သီးမွှေးညှင်းများထောင်တက်ရသည်အထိ တိုးညှင်းစူးရှလွန်းသော အသံအက်ရှရှသည် သူ၏ကျောဘက်မှ ဖြစ်သည်။

" ကျန့်ကော....."

ထိုအသံသည် နားဝင်ဆိုးရလောက်သော ​အသံသြသြကြီး ဖြစ်မနေ။ချိုသာသည်...
ချိုမြသော အသံသည် အက်ရှရှ ဖြစ်နေရုံသာမက လူကြီးဆန်သော အသံဓာတ်ကလေးပါ ရှိနသည်။အမှတ်တမဲ့...ထိုအသံသည် ဝမ်ရိပေါ်၏အသံနှင့် ဆင်တူယိုးမှား ဖြစ်ချင်စရာကောင်းသည်။သို့သော် ဒါဝမ်ရိပေါ် အသံ မဟုတ်နိုင်ပါချေ။

" ကျန့်ကောရာ...."

အမှောင်ထုသိပ်သည်းလွန်းသော အခန်းငယ်တွင် နံရံတစ်ဖက်စီမှ အအေးဓာတ်များ စိမ့်ကာ သူ့ကျောရိုးတစ်လျှောက် ချမ်းလာသည်။လက်မှ မွှေးညှင်းသီးဖုကလေးများ ထသည်ကိုပါ တစ်ဆက်တည်း ခံစားလိုက်ရသည်။

" ကျန့်ကော...."

အသံအက်ရှရှ၏ ပိုင်ရှင်သည် မည်သူနည်း။

အဖြူအမည်းမသဲကွဲသော ထုထည်တစ်ခုသည် သူနှင့်အနီးဆုံး ရွေးကပ်လာသည်ကို ခံစားမိပေမဲ့ သူတုပ်တုပ်မျှ မလှုပ်နိုင်....

" ကျွန်တော် လွမ်းနေတာ မသိဘူးလား ဟင် "

ပူနွေးသော ခန္ဓာကိုယ်ကြီးသည် သူ့ကျောပြင်ကို တစ်ဆက်တည်း ဖိကပ်လာသည်မို့ သူရုန်းကန်ခြင်း ပြုသည်။ထိုခန္ဓာ ပိုင်ရှင်သည် သူ့ခါးတစ်ဝိုက်ကို လက်ချောင်းရှည်များဖြင့် ရစ်ပတ်ထားသည်။ဦးခေါင်းသည် သူပုခုံးတွင် မှီတင်ထားသည်မို့ ထိုခန္ဓာပိုင်ရှင်သည် ရှောင်းကျန့်ထပ်အရပ်မရှည်နိုင်။

" ငါ...ငါ...."

ပါးစပ်တစ်ခုလုံး အာစေးမိထားသလို ဝူဝူးဝါးဝါးကလွဲပြီး ဘာမှ မပြောနိုင်... 'ငါ' ဟူသော ဝေါဟာရကိုပင် လည်ချောင်းကွဲမတက် အားစိုက်ပြောနေရတာကြောင့်သူမျက်နှာတစ်ခုလုံး နီရဲကာ အသားများပင် တဆက်ဆက် တုန်လာရသည်။

ပုခုံးထက်မှ ပွတ်ဆွဲလာသော နှုတ်ခမ်းများသည် သူ့လည်တိုင်ထံ အခြေချသောအခါ ရှောင်းကျန့် ခေါင်းထဲ သတိ အခြေနေ ဆင့်ခေါ်စာများ တန်းစီသည်။

Long Time Ago ( Complete) Hikayelerin yaşadığı yer. Şimdi keşfedin