Daddy Wang 3

2.3K 165 3
                                    

အလယ်တန်း​နောက်ဆုံးနှစ်ကျောင်းသူ ဝမ်စော်အော်။

" လောင်ဝမ်....မင်းကိုကြည့်ပြီးငါမျက်စိနှောက်လာပြီ။ခဏလောက်ထိုင်ပါဦး "

" အချိန်ကိုလည်း ကြည့်ဦးဗျ။ဝမ်စော်အော် အခုထိပြန်မလာသေးဘူး။မောင် ကျောင်းကိုလိုက်သွားလိုက်ရမလား "

" သမီးကညပိုင်းအတန်းရှိတယ်လို့ပြောထားတယ်မလား။မင်းလိုက်သွားလို့ ဘယ်ကောင်းမှာတုန်း "

" ညပိုင်းအတန်းက ရှစ်နာရီဆိုပြီးပြီ။အခုက ကိုးနာရီတောင်ခွဲနေပြီဗျ။ကျောင်းနဲ့အိမ်အသွားအပြန်ကလည်း အလွန်ဆုံးကြာမှနာရီဝက်ပဲ ။ပြီးတော့ ဟိုတစ်လောက အတန်းထဲကကောင်တစ်ကောင်က သမီးကိုစာပေးတယ်တဲ့။ဒါတောင် သမီးကပြန်ပြောတာမဟုတ်ဘူး။အတန်းပိုင်ကို သမီးစာလိုက်နိုင်လား မေးရင်းနဲ့မှ မောင်သိတာ "

" လောင်ဝမ်...ငါတို့စကားအေးအေးဆေးဆေးပြောရအောင် ခဏထိုင်ဦး "

ရှောင်းကျန့်ခေါ်တော့လည်း လိလိမ္မာမ္မာနဲ့ပဲ နံဘေးကိုဝင်ထိုင်သည်။သမီးပြန်မလာသေးလို့ စိတ်ပူနေတဲ့ဖခင်ရဲ့ ပူပင်ခြင်းတွေကို ရှောင်းကျန့်နားလည်ပါသည်။သို့ပေမဲ့ ဒီကောင်လေးကပိုကိုပိုနေတာ....။

ကိုယ်တို့သမီးက မိဘတွေစိတ်မချရမဲ့ကောင်မလေးမျိုးမဟုတ်။လောင်ဝမ်ရဲ့သင်ပြမှုတွေနဲ့ထိန်းကြောင်းပေးမှုတွေကြောင့် စော်အော်က စိတ်ချထားလို့ရတဲ့  ရဲရဲရင့်ရင့်ကောင်မလေးဖြစ်နေပြီ။အဖေနှစ်ယောက်နဲ့နေရလို့ပဲလားမသိဘူး....သမီးက တစ်ခြားမိန်းကလေးနည်းတူ သိမ်မွေ့နူးညံ့တာတွေ၊အဖေတွေကိုချွဲတာတွေမရှိဘဲ မာဆက်ဆက်လေးဖြစ်နေတော့ ရှောင်းကျန့်ရင်ထဲမကောင်းပေ။

ယောက္ခမကတော့ လောင်ဝမ်ငယ်ငယ်ကနဲ့တူတာလို့ပြောကြပေမဲ့ ရှောင်းကျန့်သိခဲ့တဲ့ဝမ်ရိပေါ်ဆိုတာ နွေးထွေးတက်တဲ့ကောင်ငယ်လေးတစ်ယောက်ပင်။သမီးလို အချေအငံမျက်နှာလေးနဲ့လည်းမဟုတ်ဘဲ လောင်ဝမ်ကအရမ်းကိုချစ်ဖို့ကောင်းခဲ့တာ။

အကယ်၍ သမီးရဲ့ဘဝသာတစ်ခုခုချွတ်ချော်သွားရင် မိဘတွေဖြစ်တဲ့သူတို့ကိုယ်သူတို့အပြစ်တင်လို့ဆုံးမည်မဟုတ်။ရှောင်းကျန့်အနေနဲ့ သမီးကိုသွန်သင်ဆုံးမမှုတွေ၊တည့်မတ်လမ်းကြောင်းမှုတွေကို အမြဲသံသယရှိခဲ့သည်။ထိန်းချုပ်တာမျိုးမဖြစ်ရအောင်၊လွတ်လပ်ခွင့််နှင့်အတူ ယုံကြည်မှုကိုပါ သမီးနားလည်အောင် ရှင်းပြထား၏။

Long Time Ago ( Complete) Where stories live. Discover now