LTAgo 44

2.7K 237 0
                                    

" ဒီနေ့ ဘယ်လိုလဲ.... "

" case နည်းတယ် ဆရာ...သိပ်ပြီး ထွေထွေထူးထူး မရှိပါဘူး "

ဆေးရုံတစ်ခုလုံး ဋ္ဌာနဆိုင်ရာအသီးသီးက အလုပ်ရှုပ်နေတဲ့အချိန် ရှောင်းကျန့်တို့ဋ္ဌာနကပဲ ဇိမ်နဲ့ ​ခြေပစ်လက်ပစ် တစ်ရေးတစ်မောတောင် အိပ်လို့ရသည်။

ကမ္ဘာလူဦးရေ သန်းပေါင်း 450 ၌ စိတ်ဝေဒနာ ခံစားနေရသည်ဟု WHO က သတင်းထုတ်ပြန်သည်။ လူ4 ယောက်ရှိရင် 1 ယောက်ကတော့ သေချာပေါက် စိတ်ကျန်းမာရေး ကုသဖို့ လိုအပ်ပေမဲ့ ကုသမှုခံယူသူမှာ သုံးပုံ ပုံလျှင် တစ်ပုံသာ ရှိသည်။

စိတ်ကျန်းမာရေးဆရာဝန်ကို အရူးဆရာဝန် လို့ သတ်မှတ်ထားသူများအတွက် ရှောင်းကျန့်တို့က အရူးလက်မှတ်ဘွဲ့ရ သာမညဆရာဝန်လေး တစ်ယောက်ထပ် မပိုတော့။

ပေကျင်းမြို့လယ်ခေါင် နာမည်ကြီးဆေးရုံတွင် ရှောင်းကျန့်တို့ စိတ်ကျန်းမာရေး ဋ္ဌာနသည် လူအရှင်းဆုံးနဲ့ အသက်သာဆုံး ဋ္ဌာနဖြစ်သည်။

" ဟေ့ ရှောင်းကျန့် ကန်တင်းသွားရအောင်ကွာ...ငါဘာမှမစားရသေးဘူးးး "

ခွဲစိတ်ဋ္ဌာနက အမောင်ကျန်းချန်က ဆိုသည်။

ရှောင်းကျန့်နှင့်ကွဲပြားစွာ ခွဲစိတ်အထူးပြုယူခဲ့တဲ့ ကျန်းချန်က အမြဲလိုလို ငြီးငြူနေတက်သည်။ရှောင်းကျန့်လို စိတ်ကျန်းမာရေး အထူးပြု ယူခဲ့သင့်တာတဲ့လေ!

နေ့မနား ညမနား ခွဲစိတ်ဋ္ဌာနကို ကျန်းချန်က အတော် စိတ်ကုန်နေတာ။ပေးထားတဲ့ လစာနဲ့ မတန်မဆ ခိုင်းတက်လွန်းလို့။

" ဒီအချိန် ကာဖီ ပူပူလေးသောက်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ! "

ချိုင့်ဝင်နေသော မျက်တွင်းနက်တွေနဲ့ ကျန်းချန်က ဗန်ပိုင်းယားတစ်ကောင်နဲ့ သိပ်တူလွန်းနေတာမလို့ ရှောင်းကျန့်ရယ်မိတော့တာပဲ။

ကျန်းချန်က ဒီတစ်လလုံး Night Duty ဖြစ်သလောက် ရှောင်းကျန့်က Day Duty ပင်။ ဂျူတီမတူသည်ကိုပင် ကျန်းချန်က မနက်စာအမြဲအတူစားဖို့ စိတ်အားထက်သန်နေတက်သည်။

ရှောင်းကျန့်ကလည်း တစ်ယောက်တည်း Condo မှာနေသည့်အတွက် အိမ်ထမင်းအိမ်ဟင်းဆိုတာ ရှောင်းကျန့်နဲ့အဝေးကြီးးး
မနက်စာ ၊ နေ့လည်စာ ၊ ညစာ ကို ဆေးရုံကန်တင်း၌သာ လပေး ပေး၍ စားသည်။

Long Time Ago ( Complete) Where stories live. Discover now