LTAgo 32

2.7K 271 0
                                    

" ဒီနေ့လာတာ နောက်ကျတယ်နော်.....
ကျောင်းသားပြောတဲ့စာအုပ်ကလေး ရှာပေးထားတယ်....ညာဘက်ကထောင့်စွန်းစင်ထဲမှာ ရှိလိမ့်မယ်..."

" ဟုတ်ကဲ့...ကျေးဇူးပါဗျ...."

ကျေးဇူးစကားပြောသောအခါ စာကြည့်တိုက်မှူးက လေးထောင့်မျက်မှန်ကိုင်းကြီးကို ပင့်လို့
ခေါင်းတခါခါဖြင့် ကျေးဇူးတင်ဖို့မလိုကြောင်း ငြင်းရှာသည်။

စာကြည့်တိုက်မှူး အမျိုးသမီးကြီးသည် အသက်ကြီးကြီး ပိန်ပိန်ပါးပါး အသားဖြူဖြူ အမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်။ထိုအမျိုးသမီးကြီး၏ ခေါင်းတွင် ပန်းပြတ်သည်မရှိ။မျက်နှာထက်တွင် မိတ်ကပ်ပြတ်သည်ဟူ၍ မရှိ။ဖောင်းကြွသောနှုတ်ခမ်းဖူးဖူး တွင်လည်း အနီရဲရဲနှုတ်ခမ်းနီ ပြတ်သည် မရှိခဲ့ပါ။ကျောင်းသားများရှိန်ရသလို စာကြည့်တိုက်နှင့်ပက်သက်၍ စည်းကမ်းတင်းကျပ်လွန်းသော အမျိုးသမီးကြီးသည် သဘောကောင်းနေခဲ့ပါသည်။

အခုလည်း ရှောင်းကျန့်ဖတ်ချင်နေသော စာအုပ်ကလေးသည်စာကြည့်တိုက်တစ်ခုလုံးမွှေနှောက်ရှာတောင် တွေ့ပါ့မလား မသေချာ။ဒါတောင်အမျိုးသမီးကြီးသည် သေချာရှာပေးထားသည်မို့ ရှောင်းကျန့်စိတ်ထဲ ကျေးဇူးအထပ်ထပ် တင်မိတာ ဖြစ်သည်။

.

.

စာကြည့်တိုက်၏ ထောင့်စွန်းစာအုပ်စင်ထဲက
စိတ်အမျိုးမျိုးအထွေထွေနဲ့ ပက်သက်၍ သီကုံးချဲ့ကာ ရေးထားသည့် စာအုပ်အကြီးတစ်အုပ်ကို ဆွဲယူပြီး နေရောင်ရသည့် ပြတင်းပေါက်နား ဝင်ထိုင်လိုက်သည်။

စာရွက်နံ့ကလေးသင်းနေသည့် ထိုစာအုပ်​
ကြီးသည် ချုံချင်းဆေးတက္ကသိုလ်ကြီး၏ စာကြည့်တိုက်ထဲတွင် အချိန်ကြာမြင့်စွာ နေရာယူခဲ့မှန်း သိသာလှသည်။စာအုပ်အဖုံးကစလို့ သင်းနေသော စာအုပ်အနံ့လေးကြောင့် ရှောင်းကျန့်မှာ မနေနိုင်မထိုင်နိုင် ထိုဆေးစာအုပ်ကြီးကို နှာဝသို့ မပြီး အားရပါးရရှုရှိုက်လိုက်သည်။

တကယ်...တကယ်.... စာအုပ်အနံ့လေးက တကယ် မွှေးတယ်....

စာရွက်တစ်ချင်းစီ လှန်လိုက်တိုင်း စာတွေ့မှတ်သားမိရသော ဗဟုသုတ များသည်
တကယ်ပင် ကိုယ်အတွေ့အကြုံ မလိုဟု ထင်ရလောက်အောင် ထိုစာအုပ်ပါ အကြောင်းအရာများသည် သေသပ်ပိရိ လွန်းသည်။တစ်ရွက်ဖတ်ပြီးလို့ နောက်တစ်ရွက် လှန်ရမှာကိုပင် နှမြောဖို့ကောင်းလွန်းသည်အထိ ထိုစိတ်အမျိုးမျိုးအထွေထွေ စာအုပ်သည် ရှောင်းကျန့်အာရုံကို ဖမ်းစားနိုင်သည်။

Long Time Ago ( Complete) Wo Geschichten leben. Entdecke jetzt