LTAgo 26

3K 305 0
                                    

" အိမ်ထောင်သည်ကြီးအကိုဝမ်က အိမ်ထောင်ပြုတဲ့ ခံစားချက်လေး ဒီက ညီဖြစ်သူ ဝမ်ဟောက်ရွှမ်းကို မျှဝေပါဦး "

ကောင်တာက စပ်ပေးတဲ့ ကော့တေး မှန်သမျှ ဘာလာဒေါင်းနေတာ ဒီဘားထဲ စရောက်ကတည်းက။ကြာချိန်အားဖြင့် လွန်ခဲ့တဲ့ တစ်နာရီ။

ရဲစခန်းကအပြန် ဝမ်ဟောက်ရွှမ်းကို ဟိုတယ် ဝင်ပို့မည်။သူလည်း လက်ထပ်ပြီးခါစ ပူပူနွေးနွေး အမျိုးသားဖြစ်သူရှောင်းနဲ့ အနားကပ်လို့ အနားယူမည် ဟုစိတ်ကူးမှန်သမျှဟာ
နားလည်ရင့်ကျက်ပေးနိုင်သူ အမျိုးသားကြောင့် အလဲလဲအကွဲကွဲ။

"ညီအကိုနှစ်ယောက် မတွေ့တာကြာပြီမလား။တစ်ဝိုင်းလောက်သွားချကြ " ခင်ပွန်းဖြစ်သူက အားတက်သရော အကြံပေးလာတဲ့အခါ ဝမ်ညီအကိုနှစ်ယောက်မှာမငြင်းသာဘဲ
ဘားရောက်လာရသည် ဆိုပါတော့။

တကယ်မှာ ရှောင်းကျန့်အနေနဲ့ ဒါဝမ်ရိပေါ်ရဲ့
လွတ်လပ်ခွင့်ကို ရစေချင်ရုံတင်။ဆိုင်ကယ်တစ်စီးကို ကျွမ်းကျင်စွာ မောင်းရင်း လေတိုးအဝေ့ကို ခံစားတက်တဲ့ ဆံပြာကောင်လေးဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း ကုမ္ပဏီကြီးတွေကို ဦးစီးဖို့ဖြစ်လာသည်။ရှောင်းကျန့်ရဲ့ အိမ်ထောင်ဦးစီး တာဝန်ကို ပုခုံးပေါ်ထမ်းဖို့ဖြစ်လာသည်။ရင့်ကျက်ချင်ယောင်ဆောင်တဲ့ ကလေးငယ်ကို တစ်ကြိမ်လောက်တော့ တာဝန် ဆိုသည့် စကားနဲ့ မသက်ဆိုင်ဘဲ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးစေချင်တာကြောင့်
အရက်သောက်ဖို့လွှတ်လိုက်ရခြင်းပင်။

ဝမ်ဟောက်ရွှမ်းနဲ့သာဆို ဝမ်ရိပေါ်အစစ်အမှန်ကို မြင်ရနိုင်သည် ဖြစ်တာမို့။

" မင်းယောကျ်ားက လှတယ်...."

" နိုးနိုး နိုးနိုးးးကျန့်ကောက မင်းထင်ထားတာထပ် အများကြီးပိုလှတယ် "

ခြောက်သွေ့သွေ့နှုတ်ခမ်းဖျားကို နီစိုစိုလျှာတစ်ချက်သပ်လိုက်သော ဝမ်ရိပေါ်ကြောင့်
ဝမ်ဟောက်ရွှမ်း၏ စိတ်အစုံသည် မှောင်မိုက်ခြင်း နယ်မြေသို့ ကူးပြောင်း၏။

" အထန်ကောင် ဝမ်ရိပေါ်...."

" လူပျိုရည်မပျက်သေးတဲ့ ဟောက်ရွှမ်းလူငယ်လေးက ဒီအထိအတွေ့ကို ဘယ်နားလည်နိုင်မှာလဲ...."

Long Time Ago ( Complete) Where stories live. Discover now