LTAgo 50(Final)

5.8K 292 8
                                    

" လောင်ဝမ် ဘယ်ကိုမောင်းနေတာလဲ....ငါတို့မြို့ပြင်ကိုကျော်လာပြီနော်.... "

" မောင် ချုံချင်းကို မောင်းနေတာ.... "

ချုံချင်း?

ရှောင်းကျန့် ခေါင်းထဲ မိုက်ခနဲဖြစ်သွားသည်။
ဒီဉာဏ်ကောင်းလွန်းတဲ့ ဝမ်ရိပေါ်ကို သူလိုက်လို့ကို မမှီတော့....။

" ကျန့်ကော.... "

" အမ်?..... "

" ကျွန်...ကျွန်တော် ကျန့်ကောကို နမ်းချင်တယ်.... "

အပြောနဲ့ညီစွာ ရှောင်းကျန့်အနားတိုးကပ်လာသည်။သူ့အားကြီးနဲ့ ရှောင်းကျန့်ခါးကိုဖျစ်ညှစ်ပြီး ကိုယ်ခန္ဓာနှစ်ခုကို နီးကပ်စေသည်။Chanel ရေမွှေးနံ့စူးစူးသည် ရှောင်းကျန့် နှာဝတွင် ဝေ့ဝဲလာသည်။ယောကျ်ားဆန်းလွန်းသည့် အနံ့ဖြစ်တာကြောင့် ဒီလိုကိုယ်နံ့ရှိတဲ့ ယောကျ်ားက အိပ်ရာပေါ်မှာဆို ဘယ်လောက်တောင် စွဲဆောင်နိုင်မလဲ ဆိုတာ စိတ်ရောဂါကုဆရာဝန်ရှောင်းကျန့်က မမှောင်မိုက်ဘဲမနေနိုင်။

ခါးသိမ်သိမ်မှလက်များသည် style pant ထဲ ထိုးထည့်ထားတဲ့အကျီအစကို ဆွဲထုတ်ကာ အကျီဇောက်ထဲ လက်ထည့်ကာ ခါးအသားစိုင်များကို ပွတ်သပ်ချော့မြူသည်။ Gym ဆော့သောလက်များဖြစ်သည့်အပြင် Keyboard အပေါ်ပြေးလွှားသော လက်များဖြစ်တာမို့ ဝမ်ရိပေါ်၏လက်ချောင်းများနှင့် လက်ဖဝါးများသည် အသားမာအနည်းငယ်ရှိ
၏။တစ်ချို့အသားမာများက ကွဲအက်နေတာကြောင့် ဝမ်ရိပေါ်ပွတ်သပ်နေသော ရှောင်းကျန့်အသားရည်များသည် စူးအ ကာ ကျန်ရစ်သည်။

" ကျန့်.... "

ရှောင်းကျန့်နှာတံချွန်ချွန်ကို ဝမ်ရိပေါ်က သူ့နှာတံလုံးလုံးလေးနဲ့ ပွတ်ထိကျီစယ်သည်။အသွေးအသားထဲက လှိုက်ကာ တောင့်တလာရ၏။

" ငါ့ကို နမ်း လောင်ဝမ်.... "

" ဓာတ်လှေကားထဲမှာ နမ်းစေချင်တာလား မောင့်ရဲ့ကျန့်.... "

နှစ်ဦးတည်းသာ ကြားနိုင်သော အသံသည် တိုးညှင်းလွန်းသည်။ပွဲမှာသောက်ခဲ့တဲ့ ရှန်ပိန်အနံ့နွေးနွေးတောင် ပြန်ရသည်အထိ နှစ်ကိုယ်ကြားအသံနွေးနွေးက ဆန္ဒအဟုန်ကင်းမဲ့စွာ။

Long Time Ago ( Complete) Tahanan ng mga kuwento. Tumuklas ngayon