LTAgo 35

2.8K 259 0
                                    


" ကျန့်ကော...."

" ကျန့်ကော...."

" ဟမ်....ပြောလေ...."

" ဒီကိုဘာလို့လိုက်လာရတာလဲ...."

" ငါချစ်တဲ့သူက ငါ့ကိုပြစ်ပြီး ရာသက်ပန်
ဗုဒ္ဓသားတော်လုပ်သွားမဲ့ကိစ္စလေ...ငါမတားလို့ဖြစ်မလားးပြီးတော့ ဝမ်ရိပေါ်...မင်းအဖေက မင်းအပေါ်ကိုမျှော်လင့်ချက်တွေအများကြီးထားတာ...ဒါကိုငါနားလည်တယ်...
မင်းဒီလိုနည်းနဲ့မင်းအဖေကို ကျွေး
ကျေးဇူးဆပ်လိုက်တာလား....."

လေပြေအေးလေးနှင့် ပြောပြသည့်အခါ
ကတုံးပြောင်လေးက သဘောကျစွာ ရယ်မောသည်။ဟက်ဟက်ပက်ပက်ရယ်မောခြင်းမဟုတ်ပေမဲ့ သွားတန်းဖြူလေးများ စီတန်းနေသည်အထိ အားရစွာ ရယ်မောနေခြင်းပင်။

ဒီကောင်လေး သူ့ကိုမခန့်တာလား!!!

ဘတ်စ်ကားပေါ်ရှိ လူတစ်ချို့သည် ကတုံးပြောင်လေးကို ' ကောင်လေးက ချစ်ဖို့ကောင်းလိုက်တာ ' ဟူသည့် အကြည့်စူးစူးများဖြင့် ကြည့်သည့်အခါ ရှောင်းကျန့် မနာလိုစွာပင် ကတုံးလေးကို ရင်ခွင်ထဲ ထိုးဖွက်ထားလိုက်ချင်တော့သည်။

သူများငေးရလောက်အောင် ကြည့်ကောင်းနေရသလား အကြောင်းပြချက်ဖြင့် တသွဲ့သွဲ့ရယ်မောနေသော ကောင်ငယ်လေး၏ လက်မောင်းကို လက်သီးစုပ်ဖြင့် ထိုးပြစ်လိုက်တဲ့အခါ ထိုးတာ​တော့ဖြည်းဖြည်းထိုးတာပဲ။ လက်ကအားပါသွားသည့်အခါ ကောင်ငယ်လေးထံမှ အ့!!! အာမေဋိတ်အသံနှင့်အတူ ရှောင်းကျန့်၏လုပ်ရပ်ကို မထင်မှတ်ထားသော အံ့သြဖွယ် ဖြစ်ရပ်တစ်ခုနှယ်။

ရယ်နေတဲ့ ဝမ်ရိပေါ်က သိပ်ချစ်ဖို့ကောင်းသလို...
တအံ့တသြ ဝမ်ရိပေါ်ရဲ့ပုံစံ တစ်မျိုးဟာလည်း သိပ်ချစ်ဖို့ကောင်းနေပြန်တာပဲ။

အားးး
ရှောင်းကျန့် ရဲ့ ချစ်သူကောင်လေးက ဘယ်လို
နေနေ ချစ်ဖို့ကောင်းလွန်းနေတယ်။

" မကျေနပ်သေးရင် ထပ်ထိုးလို့ရတယ်..."

လုပ်ချင်ရာ လုပ်လိုက်စမ်း!!!
ဒယ်ဒီကအလိုလိုက်ပေးမယ် ပြီတီတီ
မျက်နှာထားဖြင့် လက်မောင်းကြီးတစ်ခုလုံး ရှေ့တိုးပေးလာသော ကတုံပြောင် ကြောင့် ရှောင်းကျန့်ပင် အင်တင်တင် ဖြစ်သွားရသည်။

Long Time Ago ( Complete) Where stories live. Discover now