LTAgo 36

2.7K 266 0
                                    

" ရှောင်းကျန့် ဟိုမှာ မင်းညီလေး စောင့်နေပြန်ပြီ....."

ကျန်းချန်က ပုခုံးချင်းတိုက်လို့ သတိပေးသည်။ရှောင်းကျန့်တို့ အတန်းဆင်းတိုင်း ကျောင်းပေါက်ဝမှာ ရပ်စောင့်နေတက်တဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်အတန်းထဲက လူအားလုံး မျက်မှန်းတန်းမိသလို ရှိနေကြ​ပြီ။တစ်ချို့တစ်လေဆို " မဂ်လာပါ ရှောင်းကျန့်ညီလေး " ဟု ဝမ်ရိပေါ် ကို ပြုံးရင်း နှုတ်ဆက်သွားလေ့တောင် ရှိသည်။

" စောင့်ရတာ ကြာသွားပြီလား "

ဝမ်ရိပေါ် ပေးသော ချိုရည်ဗူးထဲ ပိုက်ထည့်ကာ တစ်ချက်စုတ်သောက်သည်။စတော်ဘယ်ရီ အရသာဆိုပေမဲ့ အရမ်းကြီးချိုအီမနေဘဲ ချဥ်ပြုံးပြုံးလေးး။

မဆိုးဘူးးးဒါရှောင်းကျန့် အကြိုက်ပဲ။

နွေဦးထဲ ဝင်နေပြီ ဖြစ်တာကြောင့် ချုံချင်းမြို့ နေရာတော်တော်များများသည် အပူဒဏ်ကို ခံစားနေပြီဖြစ်သည်။ဘေကျင်းမြို့လို မြို့ပေါ်မြို့ကြီးတွေက လေရဟတ်တွေ လျှပ်စစ်ပစ္စည်းအကူတွေကြောင့်
အပူဒဏ်ကိုသိပ်မခံစားရပေမဲ့ ရှောင်းကျန့်တို့မြို့ကလေးကတော့ အေးရင်လည်းအရမ်းအေး ပူတော့လည်း နေစရာမရှိအောင်ဖြစ်ရသည်။

သူများတွေရဲ့ ကြည်နူးစရာနွေဦးသည် ရှောင်းကျန့်အဖို့ ယပ်ခတ်မပြတ်သော ဥတုတစ်ပါးထပ် မပိုပါ။

" မနက်ဖြန်မနက် ဘာစားမလဲ ကျန့်ကော...."

" ရတယ် လာမပို့နဲ့တော့....
မနက်ဖြန် မင်းကျောင်းမှာ ကပွဲရှိတယ် မလား "

" ဟုတ်တယ်...ဒါပေမဲ့ ကျွန်တော် မနက်စောစော လာပို့ရင် မှီပါတယ်....
ဟမ်...ဘာစားချင်လဲ..."

" ကျန်းချန်တို့နဲ့ပဲ လမ်းထိပ်ကဆိုင်မှာ စားတော့မယ်...လာမပို့နဲ့ဆို မပို့နဲ့...."

ဝမ်ရိပေါ်သည် လျှာထိုးဦးထုပ် အနက်ရောင်လေးကို ဆောင်းထားကာ ဦးထုပ်၏အချွန်သည် ဝမ်ရိပေါ် ၏ မျက်နှာတစ်ဝက်လောက်ကို နေရောင်ဒဏ်မှ ကာကွယ်နိုင်သည်။ဦးထုပ်၏ အနောက်တွင် ရှည်ထွက်နေသော အမဲရောင်ကြိုးရှည်ရှည်ကြီးကိုတော့ ဘယ်နေရာမှာ အသုံးဝင်သလဲ ရှောင်းကျန့် မသိပါ။
ဒီအတိုင်း အလှတပ်ထားတာပဲ နေမှာ။

Long Time Ago ( Complete) Where stories live. Discover now