LTAgo 21

3K 282 4
                                    

" ဦးလေး ဒါမျိုး အခွေ ကို တစ်ခြား ပုံစံနဲ့ ရှိသေးလား "

" ဟေ ငါ့တူက ဘယ်လိုကို ပြောတာလဲ "

" ယောကျ်ားလေး ချင်း "

သူ့စကားကိုကြားသည်နှင့် အခွေဆိုင်က ဦးလေးကြီး က မျက်လုံး ပြူးသွားသလို သူ့ဘေးက တိတ်ခွေရွေးနေသည့် ဝမ်ဟောက်ရွှမ်း ကပါ " ဆန္ဒကို သိက္ခာနဲ့ မထိန်းဘူး "
ဟူသည့် အကြည့်ဖြင့် ကြည့်လာသည်။ကိစ္စမရှိ။အဓိက အရေးကြီးတာ ရဖို့ပဲ။

" ငါ့တူက....ယောကျ်ားလေး အချင်းချင်း လုပ်တဲ့ အပြာကား လိုချင်တာလား "

" ဟုတ်တယ်....."

" အဲ့တာဆို ခဏစောင့်နော်....ဒါမျိုး အခွေက ပေါ်တင်ကြီး ရောင်းလို့မရဘူး။ဦးလေးသိမ်းထားတာ သွားယူပေးမယ် ။ခဏပဲ မကြာဘူး "

မင်းသားကြီး တိတ်ခွေဆိုင်သည် ချုံချင်းမြို့လေးတွင် အတော်အသင့် နာမည်ရသော ဆိုင်ဖြစ်ကာ အနောက်တိုင်း ၊အရှေ့တိုင်း ၊အက်ရှင် ၊ဒရမ်မာ ၊အလွမ်း ၊အဆွေး ဇာတ်လမ်းမျိုးစုံသည်။ကလေးပေါက်စန ကြည့်သည့်
Tom&Jerry ကြောင်နှင့်ကြွက် ကာတွန်းမှ စ၍ အခုလို 18 နှစ်အထက် လူကြီးကြည့်သည် အပြာရောင် တိတ်ခွေများပါ အစုံရသည်မို့ ဆိုင်က လူပြတ်သည် မရှိ။

ဖုန်းဆိုသည်မှာတောင် ခလုတ်ဖုန်းကို အားပြုလို့သုံးနေရသည့် ရာစုနှစ်မို့ ကွန်ပြူတာ ၊လပ်တော့ ဆိုတာ ရှားပါးပစ္စည်း တစ်ခုလို ဖြစ်နေသည်။
ရိပေါ်စီမှာ အပါး ဝယ်ပေးတဲ့ ကွန်ပြူတာ ရှိနေပေမဲ့ လေးထောင့်ပုံစံကွန်ပြူတာကြီးရှေ့ထိုင်ကြည့်ရတာနဲ့ တီဗီမှာ တိတ်ခွေထိုး ကြည့်ရတဲ့ ခံစားချက်က အသိသာကြီး ကွာတယ် မလား။

ဦးလေးကြီး အနောက်ဘက်ထဲ ခပ်သုတ်သုတ် ဝင်သွားတာသေချာတော့မှ ဝမ်ဟောက်ရွှမ်းက သူ့ညိုသကြီးကို ဖြတ်ကန်လာသည်။ခြေထောက်တစ်ခုလုံး ထုံကျင် သွားပေမဲ့ သကောင့်သား ကို ဘာမှတော့ ပြန်မလုပ်ဖြစ်။သူခေါ်လို့ ဝမ်ဟောက်ရွှမ်းမှာအတန်းတောင်ဖျက်ပြီးလိုက်လာရတာလေ။

" ဝမ်ရိပေါ် အရှက်မရှိလိုက်တာ "

" ယောကျ်ား မိန်းမ ဆက်ဆံတဲ့ အပြာကား ကို ရွေးနေတဲ့ မင်းကရော အရှက်ရှိတယ် လား "

Long Time Ago ( Complete) Where stories live. Discover now