LTAgo 27

3.1K 296 1
                                    

အဆောင်မှ ထွက်လာပြီး ဒုတိယမြောက်သောနေ့။

" ကျန့်ကော..... "

"ကျန့်ကော....."

"ကျန့်ကောရေ...ဒီအိုးကို ဘယ်လိုဆက်လုပ်ရမလဲ မသိတော့လို့ "

"ကျန့်ကော...ထမင်းအိုးတည်ဖို့ ဆန်ဆေးရင် ဘယ်နှခါဆေးရမလဲ ဟင် "

" ထမင်းအိုးထဲ ရေဘယ်နှလီတာ ထည့်ရမလဲ "

" မီးကို ဘယ်လောက်အနေထား ထားရမလဲ "

" ကျန့်ကော........"

" တော်လိုက်တော့ ဝမ်ရိပေါ်..... "

ရေးလက်စ ဘောပင်ကိုဆောင့်ချလို့ ရှောင်းကျန့် လေသံမြှင့်မြှင်နဲ့ အော်ပြစ်လိုက်တော့ မီးဖိုချောင်ထဲက ကောင်လေးက အသံတိတ်သွားသည်။ကျွတ်.....ဒီလိုကျလည်း နဂိုစိတ်ကောင်းခံလေးရှိနေတဲ့ ရှောင်းကျန့်က မနေနိုင်။

ဖြစ်စဉ်နံပါတ်တစ်က မားမားညအိပ်ခရီးသွားတယ်။ရှောင်းကျန့် အိမ်မှာတစ်ယောက်တည်း ဆိုတဲ့ အကြောင်းပြချက်နဲ့ စသည်။ရှောင်းကျန့် အိမ်ပြန်ရောက်တာ နှစ်ရက်အတိ ရှိပြီဖြစ်သလို ဝမ်ရိပေါ် ရှောင်းကျန့်အိမ်မှာ သောင်တင်နေရတာလည်း အတိအကျ နှစ်ရက်ပဲ။

" ကဲ....ငါ့နာမည်ပဲ အော်နေရတဲ့အကြောင်းပြချက်လေး ပြောစမ်းပါဦး "

လိမ္မော်ရောင် အေပရွန် ကိုခါးအောက်ပိုင်းပတ်ထားပြီး ယောက်မကြီးတစ်ချောင်းနဲ့ အခက်တွေ့နေတဲ့ ဝမ်ရိပေါ်ကို လက်မောင်းကနေ တွန်းဖယ်ပြီး ရှောင်းကျန့် ပေါင်းအိုးရှေ့ ဝင်လိုက်သည်။

" ထမင်းအိုးက ရေများတယ်...ထမင်းတွေပျော့ပြဲ ကုန်လိမ့်မယ်..."

" အာ.....ပျော့ကုန်တော့မယ်...အဲ့တာဆို...ကျွန်...ကျွန်တော်......."

စကားတွေထစ်အနေတဲ့ ဝမ်ရိပေါ်ကို ကြည့်လိုက်တော့ နှာခေါင်းထိပ်ကလေး ရဲနေသလို နားရွက်ဖျားလေးတွေပါ အနီရောင်သမ်းစပြုနေသည်။ဒီဆောင်းက ပြီးခါနီးပါပြီ။ဒီကလေး ရာသီအကူးနဲ့ ဖျားချင်နေတာလား?

ထမင်းအိုးထဲက ရေကြည်အချို့ကို ဘေးစင်ထဲ အနည်းငယ် သွန်လိုက်သည်။လက်နှစ်ဆစ်စာ ကျန်သည်ဆိုမှ ပေါင်းအိုးထဲ ပြန်ထည့်ပြီး မီးခလုတ်တင်လိုက်သည်။

Long Time Ago ( Complete) Where stories live. Discover now