Papa Xiao 1

1.1K 88 1
                                    

သန်းခေါင်ယံအချိန်တွင် ဝမ်ရိပေါ်သည်
နှစ်ချိုက်စွာအိပ်မောကျလျှက်ရှိသည်။နံဘေးတွင် ရှောင်းကျန့်သည်လည်း ရိပေါ်နည်းတူအိပ်မောကျနေ၏။ရှောင်းကျန့်၏လက်က ဝမ်ရိပေါ်၏ဗိုက်ပေါ်တွင် တင်ထားလျှက် ဝမ်ရိပေါ်သည်လည်း ရှောင်းကျန့်၏မပိန်မဝခန္ဓာကိုယ်လေးကို ခြေထောက်နှစ်ဖက်ဖြင့် ဖိညှပ်ထားသည်။မောင်နှံနှစ်ယောက်၏ အပူပင်ကင်းစွာအိပ်စက်ရခြင်းသည် ကြာရှည်မခံခဲ့....

အူဝဲ....အူဝဲ....

" ကျန့်ကော... "

ဝမ်ရိပေါ်၏ ခပ်သြသြ၊ခပ်နက်နက်အသံကြောင့်
အိပ်နေသည်ဟု ထင်ထားခဲ့သော ကျန့်ကောထံမှ လည်ချောင်းသံတစ်ချက်ထွက်လာသည်။ထို့နောက် ရှောင်းကျန့်၏ခန္ဓာကိုယ်သည် အနည်းငယ်လွန့်လူးလာသည်။

" သမီးငိုနေပြီ "

ဝမ်ရိပေါ်၏အသံသည် အိပ်ရေးမဝလိုက်သည်ဟုခံစားရသောကြောင့် စိတ်မရှည်ခြင်းများရောနှောနေသည်။အသံကား မာဆတ်ဆတ်လေးဖြစ်နေ၏။ဝမ်ရိပေါ်သည် အလုပ်မှအနားယူထားသည်ဟုဆိုသော်လည်း သူ့တွင်နေ့ပိုင်း၌ကလေးထိန်းသော တာဝန်ကိုယူထားရသည်။ရှောင်းကျန့်ကား သမီးအနားအချိန်ပြည့်မနေပေးနိုင်။သူတာဝန်ယူထားသော လူနာများစီ အချိန်ခဏတော့ သွားနေရဆဲဖြစ်သည်။ခွင့်ရက်မပြည့်သေးသော အကြောင်းပြချက်ဖြင့် အိမ်တွင်အနားမနေရပါ။သူ့တွင်လူနာလွှဲပေးစရာ လူရှာလို့မရ။အသိဆရာဝန်များကလည်း တာဝန်ကိုယ်စီဖြင့် မအားကြသောကြောင့်ဖြစ်သည်။

သမီးက လပိုင်းသာရှိသေးသော်လည်း အဆော့သန်သည်။လေးဘက်ထောက်တောင်မသွားနိုင်သေးသည့်အရွယ်မှာတောင် ဟိုလိမ့်ဒီလိမ့်လုပ်လွန်းသည်ဖြင့် အန္တာရယ်ရှိစေသည့် ပစ္စည်းပစ္စယများကို သမီးအဝေးတွင်ထားရသည်။အသန့်ကြိုက်သောရှောင်းကျန့်နှင့်ဝမ်ရိပေါ်တို့၏အိမ်သည် ယခုဆို ကလေးကစားစရာအရုပ်များ၊ကလေးအနှီးများဖြင့် ရှုပ်ပွနေသည်ဖြစ်ရာ ခြေချစရာပင်မရှိ။

သမီးဟာ အိမ်ရဲ့ဆွဲလည်းလေးဖြစ်ရုံပင်မကပါ အမှိုက်ပုံအသေးလေးလည်းဖြစ်နေသေးသည်။
ကလေးထိန်းငှားမည်ဆိုတော့ လောင်ဝမ်က လက်သင့်မခံ။သူ့သမီးကို ဘယ်သူ့လက်ထဲမှထည့်မပေးချင် ဟုဆိုသည်။သူကိုယ်တိုင်အလုပ်ထွက်ပြီး
ကလေးထိန်းမည်ဟုပါ ခပ်ပြတ်ပြတ် ဆိုလာသဖြင့် ရှောင်းကျန့်မှာ ဘာမှဆက်မပြောနိုင်တော့ပေ။ထို့ကြောင့် သမီးဒုက္ခကို အခံရဆုံးသည် ဝမ်ရိပေါ်သာဖြစ်သည်။

Long Time Ago ( Complete) Where stories live. Discover now