Daddy Wang

2.5K 168 1
                                    

Note-Extra မဟုတ်ပါ။
ကိုယ်ရေးချင်တာရေးထားတာဗျာ။

အိမ်ထောင်သက်လေးနှစ်မြောက်တော့ အိမ်သားကျန့်ရဲ့ဝမ်းဗိုက်မှာ ပဋိသန္ဓေစတည်ခဲ့သည်။သားလား ၊ သမီးလား မသိရသေးတဲ့ အခြေနေမှာတောင် ရိ​ပေါ်ကက အပျော်လုံးစို့ပြီးတစ်ညလုံးအိပ်မပျော်နိုင်ခဲ့ဘူး။အဲ့ဒီနေ့က မိုးစက်ကလေးတွေကျတဲ့နေ့။

အက်ထရာဆောင်းပုံလေးကို အိမ်သားက သူ့လက်ထဲထည့်ပေးလာကာ ဘာလေးလဲ မသဲကွဲသေးပေမဲ့ သူ့အမျိုးသားကတော့ ' ဒါမင်းရဲ့ ကလေးလေး ' တဲ့။ Wallet ထဲမှာ အမြဲရှိနေတဲ့ အိမ်သားပုံကို သိမ်း၊ အက်ထရာဆောင်းဖလင်ပုံလေးပြောင်းထည့်တော့ အိမ်သားက စိတ်ကောက်တယ်။

' ကလေးကမမွေးရသေးဘူး။ ငါက နောက်ရောက်နေပြီ ' တဲ့။အသက်သုံးဆယ်ကျော် အမျိုးသားက ကိုယ်လေးလက်ဝန်ဖြစ်လာမှ စိတ်ဆိုးစိတ်ကောက်တွေ လုပ်တက်လာတာ။

အမျိုးသား ကိုယ်ဝန်ဆောင်ဖြစ်ပေမဲ့ မျက်နှာပူရခြင်းအလျင်းမရှိအောင် ဆေးရုံက ဆရာဝန်တွေက အချင်းချင်းသိုသိပ်ပေးခဲ့
ကြသည်။အိမ်သားရဲ့ဗိုက်ချပ်ချပ်လေးက  တစ်ပတ်ထပ်တစ်ပတ်ပိုလာတော့ လုံးဆူဆူလေးဖြစ်နေပြီ။ OG ဆရာမကြီးဆို အိမ်သားရဲ့ဗိုက်ပူလေးကို အသဲယားလို့တဲ့လေ။

ကြည့်ပါလား...
သူ့သားငယ်က မမွေးရသေးဘူး။ဒါပေမဲ့ အချစ်ခံလေး။

သားယောကျ်ားလေးရူး ရူးနေတဲ့ ရိပေါ်က လမ်းကြုံရင်ကြုံသလို ၊မကြုံရင်လည်း တမင်တကာ Market တွေသွားပြီး ယောကျ်ားလေးအဝတ်လေးတွေ ကြိုစုထားခဲ့တာ။သားငယ်လေးမွေးလာရင် ဘာမှမပူပန်ရဘဲ အဆင်သင့်ဖြစ်အောင်လို့။

' သမီးလေး မွေးလာရင် မင်းဘယ်လိုလုပ်မလဲ ဝမ်ရိပေါ် ' ။ဒါက အိမ်သားရဲ့အမေး။

မဖြစ်နိုင်ပါဘူး။ရိပေါ်က အလိုလိုကို ခံစားမိနေတာ။သူ့အိမ်သားက ယောကျ်ားလေးပဲ မွေးမှာ။နောက်ပြီး ရိပေါ်က သူ့အစွမ်းအစကို ယုံတယ်လေ။

နှင်းစက်ကလေးစကျတဲ့တစ်နေ့က သူ့ရင်သွေးလေးရဲ့ မွေးအင်္ဂါဘာလဲဆိုတာ အတိအကျသိရမဲ့နေ့။အမှန်ပြောရရင် ရိပေါ်က နည်းနည်း စိတ်လှုပ်ရှားနေခဲ့တာ။ယောကျ်ားလေးလို့ပဲ မှန်းထားလို့ ယောကျ်ားလေးပဲ ထွက်လာရမှာ။တစ်ခြား ဆိုတာမျိုး ရိပေါ်ကမတွေးထားဘူး !

Long Time Ago ( Complete) Where stories live. Discover now