LTAgo 12

3.3K 273 0
                                    

ငယ်ချစ်ဦး မျက်နှာတစ်ကမ္ဘာလုပ်ခဲ့တဲ့ ရှောင်းကျန့်ဟာ လေးနှစ်ကြာသော အထက်တန်းပထမနှစ်မှာ ကျန်းလုဝေရဲ့ အချစ်ကိုရရှိခဲ့သည်။ကိုယ်က စချစ်ခဲ့ရသူမို့ မေတ္တာပိုရပြန်သည့်အခါ သိပ်ဆိုးလှသည့် ငယ်ချစ်ဦးလေးက ရှောင်းကျန့်အပေါ် အနိုင်ယူသည်။သို့သော်ရှောင်းကျန့် အပြစ်မမြင်နိုင်ခဲ့ပါ။အထက်တန်းရောက်လှပြီဖြစ်သော်လည်း လုဝေဟာ ရှောင်းကျန့် ပုခုံးအောက်လောက်သာ ရှိသော ဖြူအုအု ပိုးဟပ်သေးသေးလေးမို့ အညိုစင်အကိုကြီးရှောင်းကျန့်က မထိရက်မကိုင်ရက် ဖြစ်ခဲ့ရသည်။

" မားမား သား ကျူရှင်သွားပြီ...."

အထက်တန်းစာများက အရမ်းခက်သည်ကြောင့် ရှောင်းကျန့်အလယ်တန်းတုန်းကလို စာအော်ဆိုရုံနှင့်မပြီးတော့။ကျောင်းချိန်အပြင် အပိုကျူရှင်ကို ထပ်ဆောင်းယူရသည်။ဒါသည်လည်း ရှောင်းကျန့်တစ်ယောက်တည်းမဟုတ်။
အတန်းထဲရှိ လူအားလုံးပင်ဖြစ်သည်။တစ်ချို့က သချ်ာသီးသန့်ယူသလို အဂ်လိပ်စာ၊အီကို၊ဘိုင်အို သီးသန့် တစ်မျိုးတည်း ယူသူများလည်းရှိသည်။ရှောင်းကျန့်ကတော့ ဘာသာစုံ စာကျက်ဝိုင်းယူသည်။
အလယ်တန်းထိစာကျက်ပျင်းခဲ့တဲ့ ရှောင်းကျန့်ဟာ အထက်တန်းမှာတော့ ကျူရှင်ဝိုင်း သွားရဖို့ကို စိတ်စောမိ၏။ထိုကျူရှင်ဝိုင်းတွင် ငယ်ချစ်ဦးလေးရှိသည်မို့။

" ရှောင်းရှောင်း...ခဏ နေဦး "

တံခါးဝကြမ်းပြင်ပေါ် ငုတ်တုပ်ထိုင်ရင်း ရှူးဖိနပ်ကြိုးငုံ့ချည်နေတဲ့ ရှောင်းကျန့်ကို မားမားက လှမ်းအော်ပြောသည်။
ရှောင်းကျန့်နား မားမားရောက်လာသည်ကို မားမားခြေသံကြားရုံနှင့် ရှောင်းကျန့်သိသည်။

" သား....ကျူရှင်ကိုကောင်းကောင်းသွားပြီး ပြန်လာခဲ့....ဘာသံညာသံမကြားချင်ဘူး "

တကယ်ဆို ရှောင်းကျန့်နဲ့ လုဝေအကြောင်းကို တစ်ကျောင်းလုံးသိသလို တစ်ရပ်ကွက်လုံးလည်းသိသည်။ရှောင်းကျန့်တို့ကလည်း ဟော့ဟော့ရမ်းရမ်းမနေ။အနေအထိုင် သိုသိပ်သည်။ဒါတောင် ဘယ်လို သတင်းရသွားကြသလဲ မသိ။မားမားကတော့ အတင်းအဖျင်းတွေကို မယုံဟုဆိုကာ ရှောင်းကျန့်ကိုပဲ အနေအထိုင်ဆင်ခြင်ဖို့ ပြောသည်။

Long Time Ago ( Complete) Where stories live. Discover now