LTAgo 17

2.9K 273 0
                                    

ကျောင်းဝင်းတစ်ခုလုံး လူမရှိတော့သည့်တိုင်
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က တော့ ကျောင်းနောက်ဖေးလမ်းကြားလေးထဲ အတူရှိနေတုန်း။

ရှောင်းကျန့် မျက်ရည်လား နှပ်ရည်များလား မသဲကွဲသော အရည်များသည် ဝမ်ရိပေါ် အကျီတွင် အမည်းကွက်ကြီး အဖြစ် စွန်းထင်းနေသည်။သူငိုလို့ပြီးသည်တိုင် မညီးမညူ စောင့်ပေးခဲ့သော ဝမ်ရိပေါ်ကို အနည်းငယ်တော့ အံ့သြသည်။ရှောင်းကျန့်နဲ့ ပုခုံးဖက်ပေါင်းလာတဲ့သူတွေတောင် အခုဆို ရှောင်ဖယ်သွားကြတာကို ဒီကောင်လေးမို့ မကြောက်မရွံ သူ့ကိုလာပေါင်းရဲတယ်။

ပတ်ဝန်းကျင်ဆိုတာ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ ဒီကောင်လေး သိမယ်မထင်ဘူး။လူတကာ ပါးစပ်မှာ အခြောက်ကောင် လို့ ပြောခံရလွန်းလို့ ပတ်ဝန်းကျင် ဆိုတာကြီးက ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆိုတာ ရှောင်းကျန့် သိနေပြီ။

ဘာကြောင့်လဲ မမေးဘဲ တိတ်ဆိတ်နေပေးခဲ့သော ကောင်လေးကိုတော့ ရှောင်းကျန့် ကျေးဇူးတင်မိသည်။ဝမ်ရိပေါ် ကြောင့်သာ ရှောင်းကျန့် ပြိုလဲခွင့်ရသွားတာ။

" မင်း ဒီမှာ ငါရှိမှန်းဘယ်လိုသိတာလဲ။
မင်း ဒီနေ့မှ ပေကျင်းက ပြန်လာတာမဟုတ်ဘူးလား "

" ကျန်းလုဝေ ပြောပြတာ...ကျန့်ကော ဒီမှာ သန့်ရှင်းရေး တာဝန်ကျနေတယ်လို့....."

" အော်...လုဝေ လား "

တဖန် တိတ်ဆိတ်သွားသော ဝမ်ရိပေါ်ကို ရှောင်းကျန့် ငေးကြည့်မိသည်။အနီရောင် နေမင်းကြီး၏ပျောက်ကွယ်လုဆဲဆဲ ပုစွန်ဆီရောင်ခြည် များသည် ဝမ်ရိပေါ်၏ ကိုယ်ပေါ်သို့ ဖြာကျနေသည်။နှဖူးပြေပြေလေးမှ နှာတံလုံးလုံးပေါ် အထိ တောက်လျှောက် ဆင်းသက်လာသည့် ပုစွန်ဆီရောင်ခြည်သည် နှုတ်ခမ်းသားအိအိလေး တွင်အဆုံးသတ်သည်။နေရောင်အောက်က မျက်ဝန်းကြည်ကြည်လေး သည် လိမ္မာရောင်သန်းနေသည်။မျက်ဝန်းများကို ဘောင်ဘင်ခတ်ထားသော မျက်တောင်တိုတိုစိတ် များက လှပလွန်းသည်။မျက်ရစ်မရှိသော မျက်ဝန်းများသည် ဝမ်ရိပေါ်တစ်ယောက်နဲ့သာ လိုက်ဖက်သည် ဟု ရှောင်းကျန့်ထင်သည်။

Long Time Ago ( Complete) Where stories live. Discover now