LTAgo 39

2.7K 259 0
                                    

" ရှောင်းကျန့်ကော...ဒီမှာနေရာ ဦးပေးထားတယ်.....  "

" ကျေးဇူး ဟောက်ရွှမ်း "

ဝမ်ဟောက်ရွှမ်း ဦးပေးထားသည့်ခုံမှာ ရှေ့ဆုံးအတန်း၏ ညာဘက်နည်းနည်းရောက်သည်။သို့သော် ရှေ့ဆုံးက ပေမို့ စင်ပေါ်ကို ရှင်းလင်းစွာ မြင်ရလေသည်။စင်နှင့် ခုံတန်းအကြား အကွာအဝေးအတော်ခြားသည်မို့ အရမ်းကြီးကြည့်ရဆိုးမသွား။

သူ့ကို မလိမ့်တပတ်လုပ်သွားတဲ့ ဟောက်ရွှမ်းကို အခုထိ မကျေနပ်သေးပေ။ရှောင်းကျန့်က အငြိုးသူမဟုတ်ပေမဲ့ ကိုယ်ခံရတဲ့အလှည့်ကိုတော့ သေချာမှတ်ထားလေသည်။ဝမ်ဟောက်ရွှမ်းကောင်းမှုကြောင့် ရှောင်းကျန့်မှာ ရည်းစားတစ်ယောက် ရသွားသည့် ဖြစ်ခြင်း။

မချစ်သော်လည်း အောင့်ကာနမ်း ဆိုသည့် ဆိုရိုးစကားမှာ ရှောင်းကျန့််နဲ့ဝမ်ဟောက်ရွှမ်းအတွက် တမင်ဖွဲ့ပေးထားသလား အောက်မေ့ရသည်ပင်။ဟောက်ရွှမ်းကလည်း ရှောင်းကျန့်ကို သိပ်မကြည်။သူ့အကိုကို နိုင်စားလို့ပါတဲ့။ရှောင်းကျန့်ကလည်း ဝမ်ဟောက်ရွှမ်းကို သိပ်မကျေနပ်ပါ။အလကားသပ်သပ် လူကို လိမ်သွားတာ မဟုတ်လား။

ဝမ်ဟောက်ရွှမ်းကြောင့် ရှောင်းကျန့်နဲ့ရိပေါ် အဆင်ပြေသွားတာ ဝန်ခံရပေမဲ့ ရှောင်းကျန့်က ကျေးဇူးမတင်ချင်ပါ။လိမ်သွားတာနဲ့ ကြေပြီလို့ပဲ မှတ်သည်။

" ပန်းစည်းက ရိပေါ်အဖို့လား...."

" ဟုတ်တယ် ဟောက်ရွှမ်း။ကိုယ်လည်း ပန်းတွေအကြောင်းသိပ်မသိတာနဲ့ လှတဲ့ဟာ ကောက်ယူလာတာပဲ... "

လက်ထဲက အဖြူရောင် ပန်းပွင့်ငယ်များ စုစည်းထားသော ပန်းစည်းငယ်နှင့် အဖြူရောင် Board အပြားကို ကိုင်ထားသော ရှောင်းကျန့်က အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်လှသည်။

" ရိပေါ်က မိတ်ကပ်ပြင်နေတာ....
ရှောင်းကျန့်ကော တွေ့ချင်ရင် ကျွန်တော် ခေါ်သွားမယ်လေ.... "

" နေပါစေ....​ကောဒီကပဲ စောင့်တော့မယ်... "

ဝမ်ဟောက်ရွှမ်းက ဘာမှမပြောတော့ဘဲ စင်အနောက်ဘက်ကိုသာ ဦးတည် ထွက်သွားလေသည်။

Long Time Ago ( Complete) Hikayelerin yaşadığı yer. Şimdi keşfedin