LTAgo 4

5.9K 480 3
                                    

" Racer Wang Yibo ပြိုင်ပွဲမှ နှုတ်ထွက်ခြင်း "

" Racer Wang Yibo ရာသက်ပန်အနားယူခြင်း "

" Wang Yibo လက်ထပ်ပွဲ ဖျက်သိမ်းခြင်း "

" Wang Group ၏ CEO အသစ် Wang Yibo "

" အသက် 24 နှစ်အရွယ် Wang Yibo က Wang Group တစ်ခုလုံးကို အုပ်ချုပ်နိုင်ပါ့မလား "

မျိုးစုံသော ခေါင်းစဥ်အောက်က ထွက်လာသော သတင်းများသည် ရှောင်းကျန့်ကိုအနည်းနဲ့အများတော့ တုန်လှုပ်စေသည်။
Wang Yibo လက်ထပ်ပွဲဖျက်သိမ်းခြင်းအပေါ် သိပ်အံ့သြမှုတော့မရှိ။
မေလျန်းရှဲ့ ကိုယ်တိုင်လာပြောသွားသည်မဟုတ်လား။

"Racer Wang Yibo ရာသက်ပန်အနားယူခြင်း "

screen ပေါ်က ခေါင်းစဥ်ကိုသူသေချာကြည့်မိသည်။
Wang Yibo ကဆိုင်ကယ်ကိုဘယ်လောက်မြတ်နိုးသလဲ။ဘယ်လောက်တန်ဖိုးထားသလဲ
သူအသိဆုံး။ဝါသနာကို အရာရာနဲ့လဲရဲလောက်တဲ့အထိ ကောင်လေးက သတ္တိရှိတယ်။အိပ်မက်တွေက စျေးကြီးလည်း ကောင်လေးက ​ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့တာလေ။လွယ်ကူတာ တစ်ခုလေးမှတောင် မရှိခဲ့ဘဲ...

တက်မြောက်ထားတဲ့ ဘွဲ့တွေ နဲ့ဆန့်ကျင်စွာ ရွေးချယ်ခဲ့သည်က Racer တစ်ယောက်။
ဝါသနာ ပါရာ ရွေးချယ်ရင်း ဘယ်သူ့အားကိုးမှမပါဘဲ အောင်မြင်လာတဲ့ လူငယ်တစ်ယောက်ဟာ....ဘာကြောင့်များ Racer ဘဝကိုစွန့်လွှတ်ရသနည်း။
Racer တစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်ကို မြတ်နိုးလွန်းသည့် လူငယ်လေးဟာ ထိုဂုဏ်ပုဒ်ကို ဘာကြောင့်များ စွန်ပြစ် ခဲ့ရသနည်း။

" ကျန့်ကော...."

" ဟမ်.........."

" ကျန့်ကော လုပ်နေတဲ့ ဆရာဝန်အလုပ်ကို ကျန့်ကော တကယ်ပဲဝါသနာ ပါသလား "

သိချင်စိတ်ပြင်းပြလွန်းတဲ့ ကောင်ငယ်လေး၏မျက်ဝန်းတွေ။
သူ၏အဖြေကိုစောင့်ဆိုင်းနေသော ကောင်ငယ်လေး၏ မျက်ဝန်းငယ်တွေ။

" ကော ဒါကိုတကယ်ဝါသနာ ပါတယ်... "

လိမ်ခဲ့မိတာပဲ...
သူမှ ဆရာဝန်မဖြစ်ချင်တာ။

" ကျွန်တော်ကတော့လေ....ကျွန်တော်ဝါသနာပါတာကို လုပ်ရင်းနဲ့ပဲ အိုမင်းသွားချင်တယ်။
အသက် 21 နှစ်မှာ ဆုံးဖြတ်ချက်ချခဲ့တဲ့အရာတွေကို အသက် 81 နှစ်အထိဆက်လုပ်မယ်
အောင်မြင်မှုဆိုတာ...
ကြိုးစားမှု 70% ပါရမီ 20% ကံတရား 10 % ပဲ "

Long Time Ago ( Complete) Where stories live. Discover now