LTAgo 38

2.5K 244 0
                                    


" ရှောင်းကျန့် ကျောင်းမသွားသေးဘူးလား "

" ဒီနေ့အတန်းမတက်တော့ဘူးးး ရိပေါ်ကျောင်းမှာ ကပွဲရှိလို့....."

" အော်.....ညီလေးကို ငါကအားပေးနေမယ် ပြောလိုက်ဦးးး "

" အင်းး "

ရှောင်းကျန့် ခေါင်းတစ်ချက်ငြိမ့်ပြပြီး လုပ်လက်စအလုပ်ကို အာရုံအပြည့်စိုက်လိုက်သည်။

Boarded အဖြူပေါ် အစိမ်းရောင်စကားလုံးများက ချစ်ဖို့ကောင်းနေသည်။လွယ်အိတ်ထဲက အနီရဲရဲ အသည်းပုံ Sticker များကို ဘေးတစ်ဖက်စီမှာ ကပ်လိုက်သောကြောင့် ချစ်ဖို့ကောင်းနေသော စာတန်းကြီးမှာ အသည်းကိုတကျိကျိ ဖြစ်သွားစေသည်။

ဝမ်ရိပေါ် ကျားယို့!!!
ဝမ်ရိပေါ် ကျားယို့!!!

"ဝေ့...ရှောင်းကျန့် မင်းဟာ ဒါပဲလားးး
တစ်ခြားဟာ မရေးတော့ဘူးလား "

" ဒါက ပြည့်စုံနေပြီမလားးးငါမြင်ရသလောက် ဒါက တကယ် အဆင်ပြေနေပြီ..."

" ငါလုပ်ပေးမယ်..."

ကျန်းချန်က သူ့ဘောပင်အိတ်ကြီးတစ်ခုလုံး ရှောင်ကျန့်အနား ဆွဲလာကာ အဖြူရောင် Board အပါးပေါ် အဖြူရောင်ယုန်တစ်ကောင်နှင့် အပန်းရောင်ဝက်တစ်ကောင်ကို စိတ်ရှည်စွာ ဆွဲလို့နေသည်။ဆွဲနေသူက စိတ်ရှည်သလောက် စောင့်နေရတဲ့ ရှောင်းကျန့်က စိတ်လုံးဝမရှည်။

" မင်းဟာက မပြီးသေးဘူးလားး "

" ပြီးတော့မှာ ခဏ... "

" ရော့.. ဒီမှာ ပြီးပြီ.... "

အဖြူရောင် Board အပါးပေါ် ထင်းနေသော စကားလုံးမည်းမည်းများမှာ " DiDi Zhan Ge Aini "။ထိုဘေးတွင်တော့ ယုန်ကလေးရယ်မောနေသည်ကို နှုတ်ခမ်းကြီးထော်ပြီး ကြည့်နေသည့် ဝက်ပေါက်ကလေး။

ဒါက အားပေးစာနဲ့မတူတော့ဘဲ ရည်းစားစာနဲ့ တူလွန်းသည်ဟု ရှောင်းကျန့်ထင်သည်။ဒါ့ကြောင့် ထို Board ပြားကို ယူသွားဖို့ရာ တွန့်ဆုတ်နေမိသည်။သူ့ဘာသာ " ဝမ်ရိပေါ် ကျားယို့ " ဆိုတာလေးကပဲ ကောင်းနေပြီကို ကျန်းချန်က သိပ်လျှာရှည်တာပဲ။

" ဟေ့ ရှောင်းကျန့် စူပုတ်မနေနဲ့...မင်းညီလေးက ဒါကို သဘောကျမှာ သေချာတယ်.... "

Long Time Ago ( Complete) Where stories live. Discover now