LTAgo 16

2.9K 283 0
                                    

( တီ........)

(တီ........)

အိပ်ရာဘေးမှ နိုးစက်သံ နှစ်ချက်တွင် ရှောင်းကျန့် မျက်လုံးများပွင့်လာခဲ့သည်။
သူ့ဘေးက ဝမ်ရိပေါ်ကတော့ စောင်များရောထွေးကာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။အိပ်နေဆဲတောင် မျက်နှာ အဆီလေးအနည်းငယ် ပြန်ရုံကလွဲရင် ဝမ်ရိပေါ်က သိပ်ကြည့်ကောင်းနေဆဲပင် ဖြစ်သည်။ဝမ်ရိပေါ် ပါးစပ်ထောင့်မှ စီးကျနေသော သားရည်အချို့ကို သူလက်ခုံလေးနဲ့ အသာလေးသုတ်ပေးလိုက်သည်။ခန္ဓာကိုယ်လေး တစ်ချက်တွန့်သွားပေမဲ့ နိုးမလာပါ။အိပ်ရာပေါ် လူးလိမ့်ကာ ပြန်အိပ်ပျော်သွားသည်။

နိုးစက်ကိုပိတ်လိုက်သည်။
မနက်ငါးနာရီခွဲဆိုတာ ဝမ်ရိပေါ်ထဖို့ စောသေးတယ်ထင်လို့။

ရေချိုးခန်းက မှန်သားပေါ်တွင် ပေါ်နေသည်က သူ့ပုံရိပ်ယောင်။ဘေစင်ပေါ်မှ သွားတိုက်တံနှစ်ချောင်းသည် သူတစ်ယောက်တည်းမဟုတ်တော့ဘူး ဆိုတာကို သတိပေးသည်။
မှန်ထဲက ဗလာကျင်းနေသည့် သူ့ပုံရိပ်သည်
သာမာန်ယောကျ်ားတစ်ယောက်အနေနဲ့ သိပ်ကို စွဲမက်ချင်စရာ ကောင်းသည်။တပ်မက်ချင်စရာကောင်းသည်။လည်ပင်းတစ်လျှောက်က နီညိုရောင် အကွက်များကို ခပ်ဖွဖွကိုင်ကြည့်မိတော့ နာကျင်မှုက စူးခနဲပင်။သိပ်လှတယ်။ဝမ်ရိပေါ်ပေးခဲ့တဲ့ နီညိုရောင် အမှတ်အသားတွေနဲ့ သူက သိပ်လိုက်ဖက်တယ် လို့ရှောင်းကျန့်ထင်တယ်။

လှပတယ်ဆိုတဲ့စကားလုံးဟာ ယောကျ်ားတစ်ယောက်အနေနဲ့ မသုံးသင့်ပေမဲ့ ဝမ်ရိပေါ်ပေးခဲ့တဲ့အမှတ်အသားတွေဟာ သူ့ကိုယ်ပေါ်မှာ တည်ရှိနေခြင်းဟာ သိပ်လှပတဲ့ ဖြစ်တည်မှုတစ်ခု။သူပြုံးလိုက်မိသည်။ကျေနပ်လွန်းလို့။

(ကျွီ......)

တံခါးဖွင့်သံ တိုးတိုးနဲ့ ရေချိုးခန်းထဲဝင်လာသူက ဝမ်ရိပေါ်။မှန်ထဲမှ တစ်ဆင့် သူ့နောက်မှာရှိတဲ့ ဝမ်ရိပေါ် ကိုမြင်နေရသည်။ဝမ်ရိပေါ်သည်လည်း သူ့နည်းတူ ကိုယ်တွင်အဝတ်မကပ်ပါ။ကျစ်လျစ်နေသော ကြွက်သား အမြှောင်များ၏ အောက်တွင် V shap သဏ္ဍန်
ဆင်းသွားသော ကောက်ကြောင်း။

ထို မိုက်လွန်းသည့် ယောကျ်ားသည် သူ့ခင်ပွန်း။

" နာနေသေးလား "

Long Time Ago ( Complete) Where stories live. Discover now