LTAgo 47

3.1K 258 0
                                    

" ပါးပါးးး အဟင့်.... "

ဘုတ်ခနဲ မြည်သံနဲ့အတူ ရှောင်းကျန့်ခြေဖမိုးပေါ် ပြုတ်ကျလာတဲ့ ခန္ဓာကိုယ်သေးသေးလေး။ပြုတ်ကျတယ်ဆိုတာထက် ရှောင်းကျန့်ခြေဖမိုးပေါ် ဖင်ထိုင်ပြီး ရှောင်းကျန့်ခြေတံရှည်တွေကို လက်ပုတိုလေးတွေနဲ့ ဖက်တွယ်တာမျိုးး။

" ပါးပါးးကို ရှာနာ... အဟင့်...ဟင့်.... "

" အဲ့တာ ဘယ်သူလဲ ကျန့်ကော..... "

ဝမ်ရိပေါ်မေးသည်က ခပ်တန်းတန်းးး။

နေပါဦးး ဝမ်ရိပေါ် ရဲ့ အကြည့်တွေက ဘာသဘောလဲ?

" လောင်ဝမ်...မင်းငါ့ကို ဘယ်လိုကြည့်နေတာလဲ.... "

" ကျုပ်က ခင်ဗျားကို ဘယ်လိုကြည့်မိလို့လဲ? "

ကျုပ်?
ခင်ဗျား?

ဒီဝမ်ရိပေါ် နည်းနည်းတော့ များသွားပြီ ဟုတ်စ?

" ပါးပါးရေ....ရှောင်းမိန် ဗိုက်ဆာရယ်... "

" ရှောင်းမိန်..... ? "

အံ့သြဖို့ကောင်းနေသည်မှာ ဆက်တိုက်။

ဒီနေ့က ရှောင်းကျန့် Duty off ဖြစ်တာရယ်၊လောင်ဝမ့် ရုံးပိတ်ရက် ဖြစ်တာကြောင့် အိမ်အတွက်လိုအပ်တာတွေ ဝယ်ဖို့ Market ကို ရောက်နေခြင်း။

Market တစ်ပတ်ပြည့်အောင်တောင်မသွားရသေးဘူး ခြင်းတောင်းလေးဆွဲကာစ ရှိသေး ဒီကလေးသေးသေးလေးက ' ပါးပါး ' ဆိုပြီးး
ရှောင်းကျန့် ခြေထောက်ပေါ် လာတက်ထိုင်နေတာ ရှောင်းကျန့်က ဘယ်လိုတက်နိုင်မည်တဲ့လဲ?

ဒီကလေးသေးသေးလေးက ဘယ်က ရောက်လာသလဲဆိုတာ စဥ်းစားလို့ မရခင်မှာပဲ သူ့ယောကျ်ားဝမ်က ဘာထဖြစ်သွားလဲ မသိ။လူကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတဲ့အပြင် ခြေထောက်ပေါ်က ကလေးကိုလည်း
မီးထတောက်တော့မဲ့အတိုင်း ကြည့်နေတာ လူမြင်မကောင်းအောင် ။

သူ့ယောကျ်ားဝမ် စိတ်လွတ်သွားတာတော့ မဖြစ်နိုင်ဘူးမလား?

" လောင်ဝမ် ကိတ်လေးတစ်ခုဖြစ်ဖြစ် သွားဝယ်ပေးပါလားးး ကလေးက ဗိုက်ဆာတယ်တဲ့ "

" အော်...ကျုပ်က ခင်ဗျား သမီး စားဖို့ သွားဝယ်ပေးရမယ်ပေါ့....ခင်ဗျားသမီးအတွက် ခင်ဗျားက ကျုပ်ကို ခိုင်းရက်တယ်ပေါ့.... "

Long Time Ago ( Complete) Where stories live. Discover now