LTAgo 18

3K 263 5
                                    

ခြံဝန်းတံခါးဟာ ပွင့်လျက်သားပင်။
​ခြေသုတ်ခုံတွင် တစ်ဖက်စီ ဖြစ်နေသော ဖိနပ်တစ်ရံ။မားမားက ဒီလိုစည်းကမ်းမဲ့တာမျိုးလုပ်မှာမဟုတ်ဘူး။

အိမ်ဧည့်ခန်းရှိ တီဗီမှ လာနေသော သတင်းသည် ကျယ်လောင်နေသည်။မားမား တီဗီကြည့်ရင် အဲ့လောက်အသံမကျယ်ပါဘူး။

^ ဖုံဆယ်မြို့တွင် 6 ဒဿမ ရှိ ငလျင်အပြင်းစားတစ်ခုလှုပ်ခတ်သွားမှုကြောင့် ဖုံဆယ်မြို့လူနေအများစု ထိခိုက်ဒဏ်ရာရလျက်ရှိပါတယ်။နေအိမ် အများစု ပြိုပျက်လျက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း အတန်ပျက်စီးနေတဲ့ မြင်ကွင်းများမှာ ဆိုးရွာလျက်ရှိပါတယ်ဗျ။ ^

" ဖုံဆယ် မြို့မှာ ငလျင် လှုပ်သွားတာပဲ...."

" အဲ့ကလူတွေ အဆင်ပြေပါ့မလား မသိဘူး "

ဝမ်ရိပေါ်က သူ့စကားကိုထောက်ခံသည်။
ဖုံဆယ် ဆိုမှ သူ့ပါးပါးလည်း ဖုံဆယ်မြို့ရောက်နေတာပဲ။ပါးပါးတောင် အဆင်ရောပြေပါ့မလားမသိ။ပါးပါးစီ ဖုန်းဆက်ဖို့ မားမားကို ပြောရမယ်။

" မားမားရေ...မားမား "

မားမား သည် အသံမပေးလာပါ။
အိမ်မှာရှိနေတာ သေချာရက်နဲ့ ဘာလို့ သူ့ခေါ်တာမထူးသလဲ ရှောင်းကျန့် စဥ်းစားလို့မရပါ။
အပေါ်ထပ်ရောက်နေလို့ မကြားတာလား။မကြားတာ မဖြစ်နိုင်။ရှောင်းကျန့်တို့အိမ်က ကျဥ်းသည့်အထဲ ပါသည်။တစ်ယောက်အီးပေါက်ရင်တောင် တစ်ယောက်ကြားနိုင်သည့် အနေထားမျိုး။ဒါတောင် မားမား က မကြားဘူးဆိုတော့.....။

"ရိပေါ်....ဒီမှာ ခနစောင့်နေ....ငါ မားမားကိုသွားခေါ်လိုက်ဦးမယ်...."

" ဟုတ်ကဲ့....."

ရှောင်းကျန့် အပေါ်ထပ်တက်လာခဲ့သည်။
မားမားတို့ အခန်းနဲ့ ရှောင်းကျန့်အခန်းသည် ကပ်လျက်ပင်။ရှောင်ကျန့် အခန်းထဲဝင် လွယ်အိတ်ကလေး ထားခဲ့ပြီး မားမားအခန်းတံခါးကို သုံးချက်လောက် ခေါက်လိုက်သည်။ဘယ်လောက်ပဲ မိဘနဲ့သားသမီး ဆိုဦး privacy ကို လေးစားရမည်။

" မားမား သားဝင်ခဲ့ပြီနော်....."

ရှောင်းကျန့် မားမားသည် ကုတင်ခြေရင်းတွင် ငြိမ်ငြိမ်ကလေးထိုင်ကာ ဓာတ်ပုံ ဘောင်တစ်ခုကို လက်ထဲတွင် ဘောင်သွင်းထားသည့် ဓာတ်ပုံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။အသန့်ကြိုက်လွန်းသော မားမားသည် ယခုတွင် ဆံပင်များကို စည်းနှောင်ထားခြင်းမရှိပါ။ဦးခေါင်းထက် ဆံသားအိအိများသည် ဖွာလန်ကြဲနေသည်။နီရဲနေသော ပါးပြင်ထက် မျက်ရည်စီးကြောင်းများသည် အတိုင်းမရှိ။

Long Time Ago ( Complete) Kde žijí příběhy. Začni objevovat