LTAgo 23

3K 277 2
                                    

အနီရောင် လက်ဆွဲအိတ်ထဲ ဝတ်စုံ သုံးစုံလောက် ထည့်အပြီး စာကြည့်စားပွဲပေါ်က ဆေးစာအုပ်အချို့ကိုပါ လွယ်အိတ်ထဲ သေချာထည့်လိုက်သည်။ကြားပိတ်ရက်ဆိုပေမဲ့ နှစ်ဝက်စာမေးပွဲ နီးနေပြီမလို့ အိမ်အထိပါ ယူပြီး စာလုပ်ချင်သည်။

ကိုယ်ပိုင်စာကြည့်ချိန်အဖြစ် ပိတ်ရက်ပေးလို
က်သည်က မနေ့မှ စသည်။တစ်ချို့နယ်ဝေးမှ လာတက်သူများကတော့ နယ်မပြန်ဘဲ အဆောင်မှာပဲ စာလုပ်ကြတာများပြီး
ရှောင်ကျန့်လို တစ်မြို့တည်းသားတွေက အိမ်ပြန်ကြသည်။မိသားစုနဲ့ မတွေ့ရတာ လအတော်ကြာပြီမလို့။

" ရှောင်းကျန့် မင်းဘယ်နေ့ အဆောင်ပြန်ဝင်မှာလဲ "

" 27 ရက်နေ့ "

ဒီကနေ့ 22 ရက်။
အိမ်မှာ ငါးရက်လောက် နေဖြစ်မည်။ 30 ရက်နေ့ စာမေးပွဲ ရှိသေးသည်မို့ 27 ရက်နေ့တော့ ပြန်ဖြစ်အောင် ပြန်ရမည်။

" ငါလည်း အဲ့နေ့မှပဲ ဝင်တော့မယ်။
မဟုတ်ရင် မင်း မရှိဘဲ ငါလည်းတစ်ယောက်ထဲ မနေချင်ဘူး "

ရှောင်းကျန့်အခန်းဖော် က ရှောင်းကျန့်ကို ခင်တွယ်သည်။ရှောင်းကျန့်ကတော့ အခန်းဖော် ကို ခင်ပါတယ်...ဒါပေမဲ့ အရမ်းတော့ မဟုတ်ဘူး။ အခန်းဖော် နာမည်ကို ရှောင်းကျန့် သိသည်။ကျန်းမျိုးရိုးဖြစ်တဲ့ ချန်လူငယ်လေး။ကျန်းချန် က ခင်လွယ် သဘောကောင်းလွယ်တဲ့သူမလို့ ကျောင်းမှာ မေဂျာ ပေါင်းစုံက မိတ်ဆွေ ပေါကာ ကျောင်း Activity တွေမှာလည်း နှစ်ယောက်မရှိ ကျန်းချန်က ထိပ်ဆုံးကပင်။

အခန်းဖော်က နာမည်ကြီး လူချစ်လူခင်ပေါသလောက် ရှောင်းကျန့်ကတော့ ကျောင်းက ဆရာတွေတောင် သိလောက်တဲ့ ကျောင်းသားမဟုတ်ဘူး။အမှန်တိုင်းပြောရရင် အတန်းထဲက အတန်းဖော်တွေရဲ့ နာမည်အပြည့်အစုံကိုတောင် သူမသိဘူး။သိဖို့လည်း မလိုအပ်ဘူး ထင်မိလို့။အထက်တန်းကျောင်းမှာကတည်းက ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ခင်ရတဲ့ အတန်းဖော်တွေရဲ့ အတင်းအဖျင်းတွေကို သူကြုံလိုက်ရကတည်းက သူငယ်ချင်းဆိုတာ သူမလိုအပ်တော့ဘူး လို့ မသိစိတ်ထဲမှာ နှလုံးသွင်းထားမိသည်။

Long Time Ago ( Complete) Where stories live. Discover now