LTAgo 30

3K 288 2
                                    

" မင်းနဲ့ ညီလေး ရန်ဖြစ်ထားတာလား...
အခုတလော မင်းညီလေး ကျောင်းကိုလာတာ သိပ်မတွေ့သလိုပဲ...."

" ငါတို့စိတ်ဆိုးနေကြတာ...."

ယောကျ်ားသားနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးစိတ်ကောက် ပြုနိုင်ပါသလား။

ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကို စိတ်ဆိုးနေတာပါပဲ။ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ကို စိတ်ဆိုးနေတယ် ထင်ပါရဲ့....

စိတ်ဆိုးပုံစိတ်ဆိုးနည်းကွဲပြားပေမဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်မလိမ္မာတာမလို့ ဝမ်ရိပေါ်ကို
စကားမပြောချင်ဘူး....ဒီ့အတွက်လည်း ဝမ်ရိပေါ် ရှောင်းကျန့်ကို ချော့ဖို့မလိုဘူး။ဝ
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ဘယ်တော့မှ မကြိုက်တော့ပါဘူး ဆိုတဲ့ကတိကိုပဲ ရှောင်းကျန့်က လိုချင်သည်။အဲ့လိုဖြစ်လာမယ်ဆိုရင်တော့ ရှောင်းကျန့်နဲ့ဝမ်ရိပေါ် အရင်လိုဆက်ဆံရေး ပြန်ရမည် ဖြစ်သည်။

" နှစ်ဝက်စာမေးပွဲ မလို့ထင်တယ် Tuto ​ဖြေရတာထပ် အများကြီးပိုခက်တယ်...."

ကျိုးချန်က ငြီးငြူစွာ ပြောတော့ ရှောင်းကျန့်က အသံတိတ်ထောက်ခံသည်။
စာမေးပွဲက တကယ်ခက်တယ်လေ။

စာမေးပွဲ ဖြေဖို့တစ်ပတ်ကျော်အလိုမှာ ဆေးရုံတက်ခဲ့ရတဲ့ ရှောင်းကျန့်က ဆေးရုံမှာပဲ စာကျက်လိုက် နဲ့ ဆေးရုံမှာပဲ စာမေးပွဲ ဖြေခဲ့ရသည်။ခန္ဓာဗေဒနှင့် ဆက်စပ်၍ ပုံဆွဲကျင့်သည့်အခါ ဆွဲလက်စ ပုံတိုင်းက အလွတ်ရနေသော ကောင်လေး၏ကိုယ်နေဟန်ထားဖြစ်နေသည်မို့ အကြိမ်ကြိမ် ဖျက်ပြီး ပြန်ပြင်ဆွဲရသည်က ခဏခဏ။လုံးပါးပါးသွားတဲ့ ခဲဖျက်လေးကိုကြည့်ပြီး ရှောင်းကျန့်က သက်ပြင်းခဏခဏ ချမိတော့တာပဲ။

တစ်မိနစ်နှလုံးခုန်နှုန်းကို ကျက်မှတ်သည့်အခါ....ခုံတန်းမှာ အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ နှလုံးခုန်နှုန်းတစ်ချက်စီတိုင်း ကို အလွတ်ရနေတာကြောင့် စာအုပ်ထဲက စာတွေဟာ မှားနေမှန်းသိခဲ့ရသည်။
15 နှစ်အရွယ် လူတစ်ယောက် ရဲ့ နှလုံးခုန်နှုန်းဟာ 70-100 bpm မဟုတ်ဘဲ 120 bpm ဖြစ်နေတယ်လေ။

မှတ်မှတ်ရရ ဝမ်ရိပေါ်ရဲ့ တစ်မိနစ်နှလုံးခုန်နှုန်းဟာ 120 bpm ပါ။သေချာပေါက် ဝမ်ရိပေါ်က နှလုံးခုန်နှုန်းမြန်တဲ့ လူတစ်ယောက်ပေါ့။ဒါဟာ ရှောင်းကျန့်အနားမှာ ရှိလို့ဆိုတာကိုတော့ ဆေးကျောင်းသားရှောင်းကျန့်က မသိပါဘူး။

Long Time Ago ( Complete) Where stories live. Discover now