Night

1.7K 133 0
                                    

" ကျွန်တော် စိတ်မကောင်းပါဘူး မား "

သူတို့လက်ထပ်ပွဲနေ့ကတည်းက ကိုယ်က ကိုရီးယားကိုရောက်နေခဲ့တာ။လပိုင်းအကြာလေးမှာ မားချော်လဲရင်းကိုယ်ဝန်ပျက်ကျသည် ဟုအပါးက ဖုန်းဆက်ပြောလာသည်။ကိုရီးယားကိုရောက်နေတဲ့ အတောအတွင်း မိသားစုကို အဆက်အသွယ်မလုပ်ခဲဲ့တဲ့သူက မားကိုတော့ အားပေးစကားပြောပေးချင်သည်။

ကျန့်ကော ကလည်း မားဗိုက်ထဲ ကိုယ်ဝန်ရှိ​တာကို မသိ။ဒါကလည်း သူ့တောင်းဆိုမှု။
မွေးပြီးမှ သိသွားတာက သူ့ဟာနဲ့သူ အဆင်ပြေသွားမဲ့ကိစ္စ။သူ့နှလုံးသားတစ်ခုလုံးနဲ့ရင်းခဲ့ရတာက အလွယ်တူတော့ မဟုတ်ဘူး။သူတစ်ယောက် လူဆိုးအဖြစ်ခံရုံနဲ့
အနည်းဆုံး မားကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်နေသေးသလို သားအရင်းရှေ့မှာ ၊ ပတ်ဝန်ကျင်ရှေ့မှာ သိက္ခာရှိအမျိုးသမီးတစ်ယောက်အနေနဲ့ရပ်တည်နိုင်တုန်းပင်။

အဖက်မတင်ခဲ့တဲ့ ညီငယ်အတွက်တော့
သူစိတ်မကောင်းပေ။

" သားငယ် ပြန်လာခဲ့ပါလား...မား သားငယ်ကို လွမ်းတယ်။သားကြီးကလည်း မားကို မဆက်သွယ်ဘူး။ မား အထီးကျန်တယ် သားငယ်ရယ်... "

လတ်လတ်လောလော ကလေးကို ဆုံးရှုံးထားတဲ့ မိခင်တစ်ယောက်က အတော့်ကိုအထီးကျန်နေဟန်ရှိသည်။အပါးကလည်း သူ့လုပ်ငန်းတွေနဲ့ပဲ ရှုပ်နေတက်တာကြောင့် မားကို ဂရုစိုက်ဖြစ်ရဲ့လား ဆိုတာ မသေချာ။

" သားအကိုကို သားကူပြောပေးပါလား သားငယ်ရယ်...အဲ့ကလေးက မားကိုလေ...ပြစ်ထားတယ် "

မျက်ရည်နေသည်ထင်။ရှိုက်သံတစ်ချို့ရောနှောလာသည်။

' ရှောင်းကျန့် ဆေးတွေသုံးနေတယ် ရိပေါ် ....
မင်းပြန်လာရင်ကောင်းမယ်။အခြေနေတွေကို အမှန်တိုင်းပြောပြီး ဖြေရှင်းတာက အကောင်းဆုံးပဲ ရိပေါ်... '

သူ့စီကို သတင်းတွေအမြဲ ပို့ပေးနေတာက ကျန့်ကောဘေးက ကျန်းချန်ကော။ကျန့်ကောနဲ့ ပြတ်ပြီလို့ သူပထမဆုံးပြောမိတဲ့နေ့က သူ့ဘယ်မေးရိုးတစ်ခုလုံး ဖူးယောင်အောင် အထိုးခံလိုက်ရသေးတာ။ကျန့်ကောကို မပြောပြရက်ခဲ့တဲ့ အခြေနေအစုံကို ကျန်းချန်ကောကိုတော့ သူရှင်းပြခဲ့မိသည်။ဒါဟာလည်း ယုံကြည်လို့။ကျန့်ကောအနား သူယုံရတာဆိုလို့ ကျန်းချန်ကောပဲ ရှိတာ။

Long Time Ago ( Complete) Where stories live. Discover now