LTAgo 20

3.3K 286 1
                                    

အထက်တန်းကျောင်းသား ဝမ်။

" သားငယ်....ကျောင်းမသွားသေးဘူးလား...."

" စောသေးတယ် "

ရှောင်းမားမားက ဝမ်မျိုးရိုးကိုကြည့်ရင်း ပြုံးရုံသာ။သူစိမ်းတစ်ရံများအပေါ် တည်တင်းလွန်းသည့် ဝမ်မျိုးရိုးလေးသည် သူတို့သားအမိပေါ်တွင် ခင်တွယ်လွန်းသည်။
ကျောင်းသွားဖို့ စောသေးသည် ဟုအကြောင်းပြကာ မနက်ခင်းတိုင်း သူတို့အိမ်သေးသေးလေးမှာ ခြေငြိမ်တက်သော ဝမ်မျိုးရိုးလေးက ချစ်ဖို့ကောင်းသည်။သားအရင်းနဲ့မခြား မေတ္တာပိုရတဲ့ ကလေးငယ်ပင်။

" ကျန့်ကော အဆောင်မှာ အဆင်ပြေရဲ့လား...."

သူမလက်ထဲက ချုပ်လက်စ အကျီကို ယူလို့ သားငယ်က သူ့ဘာသာ ချုပ်နေသည်။
ယောကျ်ားလေးမလို့ အချုပ်အစပ်တွေလည်းမလုပ်စေချင်တာကိုလည်း ပြောမရ။လက်အပ်စူးပါမယ် လို့ပြောတာတောင်လက်မခံ။
သားကျန့် အဆောင် ကိုရောက်ပြီးကတည်းက သားငယ်က အိမ်မှာနေ့နေ့ညည
ရှိလာသည်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါလား လို့ သူမတိုက်တွန်းခဲ့ပါသေးတယ်။ " ကျန့်ကော ကမားမားကို ဂရုစိုက်ဖို့ မှာခဲ့တာ " လို့ အသံလေးလေးနဲ့ ပြန်ဖြေပြီး သူမရဲ့ အိမ်အလုပ်တွေကို အကုန်ကူလုပ်ပေးဦးမည်။ဘယ်မိဘက မွေးဖွားခဲ့သလဲ မသိရပေမဲ့ ဝမ်မျိုးရိုးလေးက သိပ်လိမ္မာသိတက်လွန်းသည်။

" သားငယ် အပ်ကိုဆက်မကိုင်နဲ့တော့....ခု မားမား အလုပ်သွားရင်း ကျောင်းကိုဝင်ပို့ခဲ့မယ်...."

ကိုင်လက်စ အပ်ကလေးကို ဗူးထဲသေချာပြန်ထည့်ပြီး အဝတ်ကို ခေါက်ကာ သပ်သပ်ရပ်ရပ်ထားခဲ့သော သားငယ်သည် စည်းစနစ်ရှိလွန်းသည်မှာ သာမန်မျိုးရိုးက မဖြစ်နိုင်။မျိုးရိုးမြင့် အထက်တန်းလွှာထဲက ဖြစ်မည်ဟု သူမ ထင်သည်။

သူမ လက်ကိုင်အိတ်ကို သယ်လို့ ကားပေါ် သွားထိုင်နေသည့် သားငယ်သည် အရင်ကလို ပေါက်စလေး မဟုတ်တော့။အထက်တန်းကျောင်းသားလေး ဖြစ်နေပြီ။
တက္ကသိုလ်ကျောင်းသား သားကျန့်အရပ်ကို
မမှီသေးရင်တောင် သိပ်တော့ ကွာဟမည်မဟုတ်။လူရည်စစ်လာသော သားငယ်က
နဂိုရုပ်ခံနဲ့တင် အရှိန်အဝါတောက်လာကာ ပိုပြီးကြည့်ကောင်းလာသည်။

Long Time Ago ( Complete) Where stories live. Discover now