" ပေပွနေတာပဲ သမီးရယ်.... "
ပြောပြောဆိုဆိုနဲ့ ကလေးငယ်၏ရေခဲမုန့်အနှစ်များ ပေပွနေသော ပါးစပ်တစ်ဝိုက်ကို တစ်ရှူးစိုဖြင့် ဖွဖွသုတ်ပေးမိသည်။သူ့သမီးငယ်ရဲ့ အသားရည်က နူးညံ့လွန်းတာကြောင့် ဖခင်ဖြစ်တဲ့သူက ခြင်ကိုက်ဖုလေး တစ်ခုတောင် ရှိမနေစေချင်ပါ။
ဘဝက ဘာရယ် ၊ ညာရယ် ကိန်းခန်းအကြီးအကျယ်တွေ ဖွင့်ဟမနေတက်တဲ့သူ့အတွက် သူ့သမီးငယ်ကသာ အခရာ။ဒီသမီးရှိလို့သာ ပြည့်စုံနေမဲ့သူ့ဘဝကို ဒီသမီးနဲ့ပဲ အတူဖြတ်သန်းမည်။
သူ့ဆန္ဒက ရိုးရှင်းသည်။
" ဘယ်တုန်းက အိမ်ထောင်ကျသွားတာလဲ? "
ထိုင်နေတာ နာရီဝက်အတိ ရှိနေတဲ့ စားပွဲဝိုင်းက အခုမှ စကားစခြင်းဖြစ်သည်။
" လွန်ခဲ့တဲ့ လေးနှစ်လောက်က..... "
ကျန်းလုဝေက ရှောင်းကျန့်ကို ကြည့်ပြီး ဖြေခြင်းဖြစ်သည်။
" ဒါ...ငါ့အမျိုးသား ဝမ်ရိပေါ်.... "
ခပ်ကြောင်ကြောင်နိုင်တဲ့ အခြေနေထဲက ရုန်းထွက်နိုင်ဖို့ ရှောင်းကျန့်ရော လုဝေပါ မတက်နိုင်ခဲ့ကြ။ဝမ်ရိပေါ်ကတော့ သိသိသာသာ ဘေးထွက်နေသည်။ဆိုလိုချင်တာက ရည်းစားဟောင်းနှစ်ယောက်ကြား သူဝင်မပါ ပါဘူးပေါ့။
ရှောင်းကျန့်အနေနဲ့က ရှင်းတယ်....
သူလက်ရှိမှာ အိမ်ထောင်သည် တစ်ယောက်
နေ ဖြစ်သလို ကျန်းလုဝေကလည်း ကလေးတစ်ယောက်အဖေ ဖြစ်နေပြီ။အရင်တုန်းက ကျန်းလုဝေအပေါ် ဘယ်လောက်ပဲ ခံစားချက်တွေ ယိုဖိတ်ခဲ့ယိုဖိတ်ခဲ့ အခုချိန်မှာ အားနာပါတယ် ခံစားချက်ကလွဲပြီး ဘာတစ်ခုမှ မရှိတော့။ဒါဟာ ငယ်ချစ်အပေါ် မချစ်တော့တာမဟုတ်သလို ရှောင်းကျန့်လက်ခံထားတဲ့ ငယ်ချစ်ဦး ဆိုတာ ရင်ထဲက ဟိုးးအနက်ရှိုင်းဆုံးနေရာမှာ ထာဝရ သိမ်းဆည်းထားတဲ့ တစ်ဦးတည်းသောသူ မလို့။ချစ်၏မုန်း၏ ခံစားချက်တွေမရှိတော့ဘဲ ဗလာသပ်သပ်ခံစားချက်တစ်ချို့နဲ့
ထာဝရ မတွေ့ချင်တော့တဲ့ လူတစ်ယောက်သာသာ။လက်ရှိမှာတော့ သူ့အမျိုးသားဝမ်ကလွဲပြီး ဘယ်ယောကျ်ား ၊ ဘယ်မိန်းမ ကိုမှ ကာယကံမပြောနဲ့ မနောကံနဲ့တောင် ပြစ်မှားမှာမဟုတ်ဘူး။
![](https://img.wattpad.com/cover/282901037-288-k395528.jpg)