LTAgo 42

2.8K 252 2
                                    

" ရှောင်းကျန့် ငါလိုက်ပို့ပေးရမလား "

" ရတယ် ငါ့ဘာသာသွားလို့ဖြစ်တယ်... "

" ဂရုစိုက်သွားဦး "

" အင်းးယ "

တကယ်ဆို ကျန်းချန်က သူ့ကို မတရားစိတ်ပူနေတာ။ဘာကြောင့် ဆိုတာကိုတော့ ရှောင်းကျန့် မတွေးတက်ဘူးး။အသည်းကွဲရုံနဲ့တော့သေမသွားလောက်ဘူး ထင်တာပဲ။

အသည်းကွဲတယ်လို့ ခေါင်းစဥ်တပ်ရခြင်းမှာ ရှောင်းကျန့်က အတန်းလည်းသွားမတက်တော့ဘူး။မားမားအိမ်လည်းမပြန်ခဲ့ဘူး။အဆောင်မှာပဲ တစ်ပတ်တိတိအချိန်ဖြုန်းခဲ့သည်။

အသည်းကွဲခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရှောင်းကျန့်အနားကညှီသိုးသိုးအနံ့အသက်ရယ်၊ ငှက်သိုက်တစ်ခုလိုရှုပ်ပွနေတဲ့ ဆံပင်ထူထူတွေရယ်၊ နှုတ်ခမ်းတစ်ဝိုက် ပေါက်နေတဲ့ အမည်းရောင်အမွှေးငုတ်စိလေးတွေပဲ။အဆိုးဆုံးက ကျောင်းခေါ်ချိန်မပြည့်တာကြောင့် Warning ထိသွားတာလည်း ပါသည်။

"ငါ့ကိုစာတွေကူးပေးထားတာ ကျေးဇူးပဲ ကျန်းချန်.... "

" ပြောဖို့မလိုပါဘူးးးကွာ..."

ကျန်းချန်က အပြုံးလေးတစ်ချက်နဲ့ ခေါင်းတခါခါငြင်းသည်။

ရှောင်းကျန့် ကျောင်းမတက်ဖြစ်တဲ့ရက်တွေက စာတွေကို ကျန်းချန်က သေချာလိုက်ကူးပေးထားတာ။ကျန်းချန်းက အသည်းကွဲနေတဲ့သူ့ကို အတော်လေးဖေးမပေးတယ်လို့ ပြောလို့ရလောက်တဲ့အထိ ရှောင်းကျန့်အပေါ်နားလည်မှုပေးထားခဲ့သည်။တကယ်တော့ ကျန်းချန်က သူများပြောတာ သေချာနားထောင်ပေးတက်ပြီး ပွေ့ဖက်ပေးတက်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ။

ဒီနေ့က ရှောင်းကျန့်မားရဲ့ နောက်အိမ်ထောင်ပြုခြင်းကို ဂုဏ်ပြုရမဲ့နေ့။

ရှောင်းကျန့်က သူ့ပထွေးအကြောင်း ဘာမှသိပ်မသိဘူး။မြို့မျက်နှာဖုံးသူဋ္ဌေးဆိုတာကိုပဲ သူသိသည်။အမှန်ပြောရရင် မားရဲ့နောက်ယောကျ်ားကို သူမြင်တောင်မမြင်ဘူးပါ။မားကို အနည်းငယ်စိတ်ခုနေတာမလို့ မားရဲ့လက်ထပ်ပွဲကို သူလျစ်လျူရှုထားခဲ့တာ။

Long Time Ago ( Complete) Where stories live. Discover now