LTAgo 13

3.1K 281 0
                                    

နှစ်ထပ်တိုက် ကျူရှင်ဝိုင်း၏ ဟောခန်းမ ထဲတွင် ကျောင်းသူကျောင်းသား အစုံရောနေသည်။အထက်တန်းရော ၊အလယ်တန်းပါ ရောသပြွန်းထည့်ထားသည်မို့ ဆူညံသံများက တော်ရုံမဟုတ်။

အခန်းကျယ် တစ်ခုတွင် အထက်တန်းကျောင်းသားများသည် ဘယ်ဘက်တွင်နေရပြီး၊အလယ်တန်းကလေးများက ညာဘက်တွင်နေရသည်။ကြားထဲတွင်တော့ လူလျှောက်လမ်းသေးသေးလုပ်ထားသည်။ထိုသည်ကလည်း စင်ပေါ်တက်ဆုရသူများအတွက် လုပ်ပေးထားခြင်းပင်။

ကျူရှင်၏ထုံစံအရ တစ်ပတ်နှစ်ခါ ဘာသာစုံ Tutorial အသေးစားလေးများကိုဖြေရကာတစ်လ ရှစ်ကြိမ်ဖြေပြီးသည့်နောက်တွင် အမှတ်ပေါင်းအများဆုံး ကျောင်းသားသုံးယောက်က ဆုရသည်။ဆုပေးစနစ်သည် အများအလယ်တွင် နာမည်ကြေညာကာ ဒိုင်းဆုအသေးလေးများနှင့် ငွေကြေး တစ်ချို့ကို ပေးသည်။ဆုပေး စနစ်ကောင်းမွန်သလောက် ဒဏ်ပေးစနစ်ကလည်း မပါမဖြစ်။
အမှတ်အနည်းဆုံးကျောင်းသားများကို စင်ပေါ်မှ မိုက်နဲ့အော်ခေါ်ကာ စာပိုလုပ်ဖို့ ကြိုးစားဖို့သတိပေးသည်။အရှက်ကွဲမှုသည် တော်ရုံတော့မဟုတ်။

" လုဝေ.....မင်းဆုရမှာမလား......"

" အင်း...ဟုတ်တယ်...ရှောင်းကျန့်...မင်းရော ရမှာမလား "

" ငါက တတိယ ဆုပါ...ငါ့လုဝေလေးက ပထမဆုကြီးတောင်ရမှာ...."

လူများနေခြင်းသည် ရှောင်းကျန့်တို့နှစ်ယောက်အတွက် အခွင့်ရေးပင်။
နှစ်ယောက် ဘေးချင်းကပ်လျက်ထိုင်ပြီး လက်ဖဝါးနှစ်ခုသည်လည်း ပူးတွဲယှက်နွယ်ထားကြတာကြောင့် လုဝေ၏လက်ဖဝါးနုနုမှ အနွေးဓာတ်သည် ရှောင်းကျန့်ကိုယ်ထဲ ဖြတ်သန်းစီးဆင်းနေသလို။သွေးသားနှစ်ခုထပ်တူကျခြင်းကို ဤနေရာတွင် ရှောင်းကျန့် ခံစားမိ၏။ဘေးလူတွေသာမရှိပါလျှင် ထိုလက်ဖဝါးသေးသေးလေးကို ရှောင်းကျန့်နမ်းချင်သည်။

" ရှောင်းကျန့် လက်ချောင်းလေးက လှလိုက်တာ...မနာလိုတောင်ဖြစ်တယ် "

လုဝေက ရှောင်းကျန့်လက်တစ်ချောင်းစီကို မထိတထိ ဆော့ရင်း ခန္ဓာကိုယ်ကို ရှောင်းကျန့်ဘက် မှီကာပြောလာသည်။လုဝေ ခေါင်းတင်လို့အဆင်ပြေအောင် ရှောင်းကျန့် သူ့ပုခုံးလေးကို ဘေးသို့လျှောချပေးလိုက်အပြီး
မကြာပါ...ရှန်ပူနံ့သင်းနေသော ခေါင်းလုံးလုံးလေးသည် ရှောင်းကျန့် ပုခုံးပေါ်မှီလာသည်။
ဘေးက သူငယ်ချင်းများကလည်း တဝိုးဝိုးနဲ့ အော်ကာ မြှောက်ပေးတာမလို့ လုဝေက အရှက်ပိုကာ ရှောင်းကျန့်လည်တိုင်စီ မျက်နှာအပ်ကာနေတော့သည်။

Long Time Ago ( Complete) Where stories live. Discover now