LTAgo 11

4.1K 318 0
                                    

" ကိုကြီးရှောင်း..... ဝက်ရိဘို ကလေ....စာမတရားတော်တာဗျ....ဝက်ရိဘို မုန့်စားနေရင် သူ့ပါးကြီးနှစ်ဖက်က ဟောသလိုကြီး ဖောင်းလာတာ ပြီးတော့ သူစာဆိုနေရင် သူ့နှုတ်ခမ်းကြီးကအရှေ့ကို တစ်ထောင်လောက်ဆူထွက်လာတာပါဆို....သိလား...ကိုကြီးရှောင်း... ကိုကြီးရှောင်း ကြားလား....ဟာ....အိပ်မနေပါနဲ့ဆို ဗျာ "

ကျန်းလုပေ က စကားကိုတော်ရုံနှင့်ပြောသည်မဟုတ် သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုတက်ဖိကာ အားကြိုးမာန်တက်ပြောသည်။
သူကတော့ လုပေပြောနေသည်ကိုအာရုံမရှိ။ဒီဖက်နားကဝင် ဟိုဘက်နားကထွက်သည်။
ခုတလော အလယ်တန်းစစ်နှစ်လယ် စာမေးပွဲ ဖြေခါနီးမို့ သူ့မားမားက မတရားကြပ်နေလို့ ရှောင်းကျန့် ဒီရက်ပိုင်းအတော်ပင်ပန်းနေတာ။

ညဆိုစာကျက်ရသလို မနက်အစောကြီးထပြီးလည်း ခေါင်းထဲရှိသမျှစာအော်ရွတ်နေရတာ ဘယ်ဘဝကဝဋ်လည်းကိုမသိဘူး။
အိပ်ရေးပျက်သမျှ စနေ တနဂ်နွေ ကျောင်းပိတ်ရက်မှ အတိုးချအိပ်ပစ်မည်ဟု အားခဲထားမှ ကျန်းလုပေ၏ မနက်စောစော အိမ်ရောက်လာကာ ဝက်ရိဘိုနာမည်တစ်လုံးကို မနားတမ်း ပြောသည်။တဆာဆာပြောနေသဖြင့် သူအားခဲထားသမျှ အလကားပင်။

" ကိုကြီးရှောင်း...အိပ်ပဲမနေနဲ့လေဗျာ....."

ကျေးဇူးပြုပြီး တစ်နာရီလောက်ဖြစ်ဖြစ်ပေးအိပ်စမ်းပါ စောက်ကလေးရ!။ရှောင်းကျန့်မတရားအိပ်ချင်နေတာ....
သူကလည်း အိပ်မရတာကိုအတင်းတွေမျက်လုံးပိတ် မရမက ပေကပ်အိပ်သည်။
လုပေကလည်း အကြောမခံ မရမက ဝက်ရိဘိုအကြောင်းလိုက်ပြောတာပဲ။

" မင်းတို့အငယ်တန်းက လူတွေကိုငါဘယ်လိုလုပ်သိမှာလဲ တစ်ခြားသူသာသွားပြောစမ်းပါကွာ....ငါအိပ်ချင်လွန်းလို့ "

တကယ်ဆို ကျန်းလုပေက မူလတန်းကျောင်းသား။ရှောင်းကျန့်တို့က အလယ်တန်းကျောင်းသား။အလယ်တန်းကျောင်းနဲ့ မူလတန်းကျောင်းကအဆောင်ပင်မတူ။အတော့်ကိုလှမ်းသည်။

အဲ့တာကိုကျန်းလုပေက အဆောင်လည်းမတူ အတန်းလည်းမတူတဲ့ သူ့သူငယ်ချင်းတွေအကြောင်း ရှောင်းကျန့်ကို တကူးတကလာပြောပြလေ့ရှိသည်။အရင်နေ့တွေကဆို စာမလုပ်ချင်လို့လုပေပြောသမျှ နားထောင်ပေမဲ့ အခုကတော့ အရမ်း အရမ်းကိုအိပ်ချင်သည်မို့ နားထောင်ချင်စိတ်မရှိပါ။ဒါကိုမလိုက်မသိတဲ့ လုပေက ကြောင်တစ်ကောင်လိုသူ့အနားအတင်းတွေကပ်နေသည်။

Long Time Ago ( Complete) Wo Geschichten leben. Entdecke jetzt