LTAgo 9

4.1K 363 4
                                    

အခမ်းနားဆုံးသော အရာဝယ်။

ရှောင်းကျန့် သူ့ပါးပါးနှင့်သိပ်တူလွန်းသည်။
ရိုးရာနှင့်ပက်သက်၍ဖြစ်စေ သမိုင်းနှင့်ပက်သက်၍ဖြစ်စေ အမှားမခံနိုင်သည့်သူတစ်ယောက်ပင်။ရှောငကျန့်သာ ဆရာဝန်တစ်ယောက်မဖြစ်ခဲ့ပါလျှင် ရိုးရာသမိုင်းဆရာတစ်ယောက်လုပ်ဖြစ်မည် ထင်သည်။

21 ရာစု၏အိမ်ထောင်တစ်ခုတွင် အတိုင်းအတာအကန့်အသတ်မရှိ တရားဝင်လက်ထပ်နိုင်သည်ဟုကြေညာထားပါစေဦး တစ်သက်မှာတစ်မဂ်လာပဲရှိသင့်သည်ဟု ရှောင်းကျန့်ထင်သည်။

ရှောင်းမားမားနှင့်လည်းပဲ အေးစက်သွားခဲ့ရတဲ့ ဆက်ဆံရေးတွေမှာ ရှောင်းကျန့်ရဲ့ မလိုအပ်ဘဲ ခေါင်းကြောမာတာတွေကြောင့်လည်း ပါတယ်။

ကျိုးမင်းဆက်ကစလို့အသုံးပြုခဲ့တဲ့ တရုတ်ရိုးရာဝတ်စုံနီကိုအသုံးပြုခဲ့ချင်ပေမဲ့ လိင်တူလက်ထပ်ပွဲ ဖြစ်တာအပြင် 21 ရာစု၏ ထိတ်ထိတ်ကြဲ မင်္ဂလာပွဲတစ်ခုဖြစ်တာကြောင့် ရိုးရာဝတ်စုံမဝတ်သင့်။
သူ့ဘက်က ရိုးရာဝတ်စုံကိုသဘောကျပါကြောင်းပြောသည့်အခါ ဝမ်ရိပေါ်က "
ကျန့်ကောကြိုက်တဲ့ ရိုးရာဝတ်စုံနဲ့ နောက်ထပ်မဂ်လာတစ်ပွဲထပ်ဆောင်ပေးမယ် " တဲ့။
ရိုးရာဝတ်စုံဝတ်ချင်တာနဲ့ပဲ ရှောင်းကျန့်က ထပ်မင်္ဂလာဆောင်ရမည့်သဘောပင်။အံ့သြပါ့ ဝမ်ရိပေါ်ရယ်။

ရှောင်းကျန့်မိုးလင်းကတည်းက ဝမ်ရိပေါ်နှင့်မတွေ့ရသေး။မနေ့ညက စားသောက်ဆိုင်အပြန် ဝမ်ရိပေါ်ကသူ့ကိုအိမ်ချပေးခဲ့ပြီးတစ်နေရာထွက်သွားသည်။ထို့နောက် မင်္ဂလာဆောင်မည့်မနက်ခင်းထိသူတို့မတွေ့ဖြစ်ကြ။

သူ့အသိုင်းဝိုင်းဘက်ကတက်ရောက်သည့် စီနီယာ ဂျူနီယာ မိတ်ဟောင်းဆွေဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် အဝတ်အစားလဲသည့်အခန်းထဲသို့လာရောက်နှုတ်ဆက်
တာကြောင့် သူကလည်း အားနာပါးနာနဲ့ အလိုက်သင့်လေး ပြန်နှုတ်ဆက်ရသည်။ကိုယ့်မျက်နှာကြောင့် လာတဲ့သူတွေကို ပြစ်ထားလို့မှမကောင်းတာ။

9 နာရီတွင်စမည့် ပွဲသည် ယခု 8 နာရီတိတိသို့ရောက်ချေပြီ။မဂ်လာဓာတ်ပုံရိုက်မည်ဟုဆိုကာ ဝန်ထမ်းတစ်ယောက်သည် သူ့အခန်းထဲသို့ လာခေါ်သည်။ရှောင်းကျန့်ထရပ်သည့်အခါ ဒီဇိုင်နာနှင့်အတူပါလာသည့် ကောင်မလေးနှစ်ယောက်က ထပ်ကြပ်မခွာလိုက်လာ၏။

Long Time Ago ( Complete) Where stories live. Discover now