Description

26K 902 24
                                    

Unicode

လင်းချင်းဟယ်သည် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အမြှောက်စာဇာတ်ကောင်တွေထဲကတစ်ယောက်ဖြစ်လာခဲ့သည်။ ထိုဝတ္ထုဇာတ်လမ်း၏အကြောင်းအရာနောက်ခံသည် ၁၉၆၀နှောင်းပိုင်း အစားစားချင်တိုင်းမစားနိုင် အဝတ်ဝတ်ချင်တိုင်းမဝတ်နိုင်သော အစားအစာ၊ အဝတ်အထည်ရှားပါးသောအချိန်ကို ဇာတ်အိမ်တည်ထားခဲ့သည်။

ထိုခေတ်အချိန်တွင် ကုန်ပစ္စည်းများဆင်းရဲချို့တဲ့ပြီး နေထိုင်မှုဘဝကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသော်လည်း ထောက်ပံ့ရေးပစ္စည်းများ ပြည့်ကျပ်နေသော ကိုယ်ပိုင်နေရာလွတ်နယ်မြေတစ်ခုရှိသောကြောင့် ၎င်းသည် သူမအတွက်တော့ စိုးရိမ်စရာမဟုတ်ပေ။

သူမစိုးရိမ်နေသည့်အရာမှာ သူမမှန်ကန်စွာမှတ်မိသည်ဆိုပါက သူမ၏သားသုံးယောက်သည် အနာဂတ်တွင် ဗီလိန်ကြီးများဖြစ်လာမည်ဖြစ်ပြီး သူတို့ရဲ့ဖြောင့်မတ်ပြီးအေးစက်သောဖခင်ဖြစ်သူသည် ငြင်းမရနိုင်သောအဆုံးသတ်ဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။

လင်းချင်းဟယ်သည် အသက်ငါးနှစ်အရွယ်သာရှိသေးသည့် သားအကြီးဆုံး၊ အသက်သုံးနှစ်အရွယ်သာရှိသေးသည့် ဒုတိယကလေးနှင့် တစ်နှစ်သားအရွယ်သာရှိသေးသည့် အငယ်ဆုံးသားလေး အနာဂတ်ဗီလိန်သားသုံးယောက်ကို ကြည့်ရှုကာ ပထမဆုံးအနေဖြင့် ဖြူဖွေးသောဘန်းမုန့်အကြီးကြီးတစ်ခုရဲ့တစ်ဝက်ကို ပေးမည်ဟု ဆုံးဖြတ်လိုက်သည်...

*********************************

Zawgyi





၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now