Chapter-23

5K 654 7
                                    

Unicode

အခန်း(၂၃) - ကျောက်မီးသွေး မီးဖို
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

စတိုးဆိုင်၏ ထောင့်တစ်နေရာဆီ သွားပြီးနောက် စောင်အဖုံးနှစ်ခုကို သိမ်းလိုက်ကာ ပဒေသာကုန်စုံ စတိုးဆိုင်အတွင်း ဆက်လက် လှည့်ပတ်ကြည့်ရှုနေသည်။ 

ဆိုင်ထဲတွင် လူကြီးနှင့် ကလေးတွေအတွက် အသင့်ဝတ်နိုင်သော အဝတ်အစားများ ရှိသည်။ 

မှောင်ခိုဈေးတွင် အထည်တစ်လိပ်ကို သုံးယွမ်သာ ကျသင့်ပြီး ကူပွန်လက်မှတ် အသုံးပြုရန် မလိုအပ်သော်လည်း စတိုးဆိုင်ထဲတွင် လူကြီးတစ်ယောက်ရဲ့ အဝတ်အစားက ငါးယွမ် ကုန်ကျလိမ့်မည်။ 

ကလေးတွေအတွက်က ဈေးပေါပြီး သုံးယွမ်လောက် ကျသင့်မည်။ 

အဲလိုဖြစ်တာတောင်မှ အထည် ကူပွန်လက်မှတ်ကို လိုအပ်နေသေးသည်။ 

မှောင်ခိုဈေးမှ အထည်တစ်လိပ်ဖြင့် ကိုယ်တိုင်လုပ် အဝတ်အစား ငါးစုံ သို့မဟုတ် ခြောက်စုံလောက် ပြုလုပ်နိုင်ပြီး စတိုးဆိုင်၏ နှပ်ချခြင်းကို ခံစရာမလိုဘူး။ 

ဒါပေမယ့် လင်းချင်းဟယ်က ကျောက်မီးသွေးမီးဖို အကြောင်းကိုတော့ မေးမြန်းလိုက်သည်။ 

" ဒီအချိန်မှာ ကျောက်မီးသွေးမီးဖို ရနိုင်ဖို့က မလွယ်ကူဘူး " ငယ်ရွယ်သော အရောင်းဝန်းထမ်းသည် သူမ(လင်းချင်းဟယ်)က စိတ်ရင်းကောင်းပုံပေါ်ပြီး ငယ်ရွယ်ကြည့်ကောင်းသည့်အပြင် အနီးအနားမှာလည်း ဘယ်သူမှမရှိတာ မြင်သောကြောင့် သူမနဲ့အတူ စကားစမြည် ပြောရန် စိတ်ဆန္ဒရှိသည်။ 

" မလွယ်ကူဘူး ဆိုပေမယ့် တကယ်လို့ ရှိရင် ၎င်းနဲ့ အလဲအလှယ်လုပ်ဖို့ အစ်မမှာ တစ်စုံတစ်ခု ရှိတယ် " လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ 

" ဘာနဲ့ အလဲအလှယ် လုပ်မှာလဲ " အရောင်းဝန်ထမ်းက သူမကို စိုက်ကြည့်ပြီး မေးသည်။ 

လင်းချင်းဟယ်၏ အဝတ်အစားနှင့် စိတ်သဘောထား ကောင်းမည့်ပုံကြောင့် မဟုတ်လျှင် အရောင်းဝန်ထမ်းက သူမကို စကားစမြည်ပြောဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ အခုအချိန်တွင် ဒီအလုပ်နေရာက ဝန်ထမ်းများသည် အလွန်အမင်း မာနကြီးမောက်မာကြပြီး ကျေးလက်နယ်သားများကို အထင်အမြင်သေးကြသည်။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now