Chapter-13

5.3K 696 10
                                    

Unicode

အခန်း(၁၃) –  Siren နှင့် တူတယ်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

အမေနှင့် သားတို့သည် မနက်စာကို အဝစားကြသည်။ ကျိုးလောင်တက အပြင်ထွက်ပြီး ကစားချင်ပေမယ့် လင်းချင်းဟယ်က တားလိုက်သည်။ “ အမေ အဝတ်လျှော်သွားတော့မယ်။ အိမ်မှာနေပြီး ညီလေးတွေကို ကြည့်ရှုစောင့်ရှောက်ထားလိုက်ဦး။ အမေ ပြန်လာတဲ့အထိ စောင့်နေဦး “ 

ကျိုးလောင်တသည် မနေ့ကနှင့် ဒီမနက်ခင်း အစားအစာတွေကို ကျေနပ်အားရနေသဖြင့် သူမကို မငြင်းပယ်လိုက်ပေ။ 

လင်းချင်းဟယ်သည် အဝတ်လျှော်ရန် ထွက်လာသည်။ 

ရွာ၏အနောက်ဘက်တွင် မြစ်တစ်စင်းရှိပြီး လူတိုင်း ထိုနေရာတွင် အဝတ်လျှော်ကြသည်။ 

“ ရှန်းစစ်/ ဒေါ်လေး…. ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းတာ နောက်ရက်နည်းနည်းကြာရင် ပြီးတော့မှာ။ ဒေါ်လေးရဲ့အိမ်မှာ ထင်းလိုသေးလား “ 

လင်းချင်းဟယ်သည် အဝတ်များကို သစ်သားတုတ်ပုတ်ဖြင့် ထုရိုက်နေသည်… အထူးသဖြင့် ကျိုးလောင်တ၏အဝတ်တွေ… ။ အဲဒါတွေက တကယ်ညစ်ပတ်တယ်။ သူမ၏စိတ်ထဲ အဝတ်လျှော်စက်ခေတ်ကို အလွန်အမင်း တမ်းတနေစဥ် ကလေးမလေးတစ်ယောက် အနားလာမေးသည်။ 

လင်းချင်းဟယ် ပြန်တွေးကြည့်ပြီးနောက် ထိုကိစ္စ သူမ၏မှတ်ဥာဏ်မှ ပေါ်ထွက်လာသည်။ “ ရှီးလေး…. လိုတယ်…. ။ အိမ်မှာ ထင်းကုန်လုနီးပါးဖြစ်နေပြီ။ သမီး သွားပြီး သမီးအစ်ကိုကို ပြောလိုက်… ဆောင်းဦးကောက်သိမ်းပြီးတာနဲ့  ပို့ပေးပါလို့…. သူ ရှာနိုင်သလောက် အကုန်ယူမယ်။ စျေးကတော့ ပမာဏအတိုင်း ပေးမယ် “ 

ဒီကလေးမလေးက ကျိုးရှီး လို့ခေါ်ပြီး အသက် ဆယ်နှစ်ပဲ ရှိသေးသည်။ ပြီးတော့ သူမအစ်ကိုက ကျိုးတုန်း … ဒီနှစ်ဆို ဆယ့်ငါးနှစ် ရှိပြီ။ 

ဒီမောင်နှမ၏ဘိုးဘေးတွေကလည်း ကျိုးအိမ်၏ဆွေမျိုးတွေဖြစ်ပေမယ့် အခုတော့ သူတို့တွေက အလှမ်းဝေးသွားပြီ။ 

သူတို့၏မိဘတွေက စောစော ကွယ်လွန်သွားတာကြောင့် သူတို့မောင်နှမ အသက်ရှင်နေထိုင်ရန်မှာ မလွယ်ကူလှပေ။ ဒါပေမယ့် သူမအစ်ကို ကျိုးတုန်း က အသက်ငယ်တာတောင်မှ လုပ်နိုင်စွမ်းရှိသည်။ သူသည် အလုပ်လုပ်ရန် လူကြီးတွေနောက်လိုက်ပြီး အလုပ်အမှတ် ၂ မှတ် ရှာနိုင်သည်။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now