Chapter-194

2.2K 280 0
                                    

အခန်း (၁၉၄) - အနာဂတ်အိမ်စျေး

သိပ်မကြာခင် ဇွန်လသို့ ရောက်ပြီ။

ကျိုးချင်းပိုင်သည် အပြင်ကနေ ဓာတ်မြေသြဇာ ဝယ်ပြီး ပြန်လာတော့ အိမ်ကို ချယ်ရီသီး တစ်ခြင်း ပြန်ပါလာခဲ့သည်။

လင်းချင်းဟယ်က အံ့အားသင့်သွားသည်၊ "ကျွန်မတို့ဆီမှာ ချယ်ရီသီးတွေ မရှိဘူး မဟုတ်လား။"

"တခြားနေရာက ရလာတာ။" ကျိုးချင်းပိုင်က ပြောသည်။

ချယ်ရီသီးတွေက တော်တော်ချိုတယ်။ မည်သည့် ဓာတုဆေးဝါးများဖြင့် စိုက်ပျိုးထားခြင်း မရှိတာကြောင့် သူမသည် ချယ်ရီသီးတွေ ဆေးကြောပြီး စားသောက်ဖို့ ပန်းကန်တစ်လုံးထဲ ထည့်ထားလိုက်သည်။

"ဒီနေ့ ရှင် အလုပ်ပင်ပန်းလာလား။" လင်းချင်းဟယ်က သူ့ကို အတူစားဖို့ လှမ်းခေါ်ရင်း မေးသည်။

ကျိုးချင်းပိုင်က ပြန်ဖြေသည်၊ "မပင်ပန်းပါဘူး။"

သူက သူ့အင်္ကျီအိတ်ကပ်ထဲကနေ လက်စွပ်တစ်ကွင်း ဆွဲထုတ်လိုက်သည်။

ရွှေလက်စွပ် တစ်ကွင်း မဟုတ်သည့် ကျောက်စိမ်းလက်စွပ် တစ်ကွင်း ဖြစ်သည်။

လင်းချင်းဟယ်ရဲ့ မျက်ဝန်းတွေက တောက်ပသွားသည်။ ဒီအချိန်အခါမှာ ဆယ်ကြိမ်တွင် ကိုးကြိမ်က ပစ္စည်းအစစ်အမှန်တွေ ဖြစ်ကြသည်။

"ရှင် ဒါကို ဘယ်က ရလာတာလဲ။" လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။

"ကိုယ် ဒါကို လမ်းပေါ်က ကောက်ရလာတာ။" ကျိုးချင်းပိုင်က ပြန်ဖြေသည်။

လင်းချင်းဟယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကွေးညွှတ်သွားခဲ့သည်။ ပြောရရင် ဒီခေတ်ဒီအခါမှာ ‌ရွှေ၊ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာများကို အပြင်ဖက်မှာ တွေ့ရင်တောင် ဘယ်သူမှ မလိုချင်ကြဘူး။

တန်ဖိုးရှိရင်တောင် ဘယ်သူမှ မပြောပဲ ထွက်သွားပေမယ့် အခြေခံအားဖြင့် ဘယ်သူမှ မယူရဲကြဘူး။ အခုလောလောဆယ် အပြင်ဖက်မှာ ကန့်သတ်ချက်တွေ အရမ်းများနေသေးသည်။ ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ဘယ်သူမှ မထုတ်ဝံ့ကြဘူး။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now