Chapter-24

4.9K 669 20
                                    

Unicode

အခန်း(၂၄) - ဘာမှမကျန်တော့ဘူး 
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

အရောင်းဝန်ထမ်းနှင့် သူမ၏စေ့စပ်ထားသော လူငယ်လေးသည် သူမထံမှ အလဲအလှယ် လုပ်ရန် စိတ်ဆန္ဒရှိကြောင်း ကြားလိုက်ရသည့်အတွက် စိတ်အေးသွားကြသည်။ 

သူတို့နှစ်ယောက်သည် လက်ထပ်ရန်နှင့် မိသားစုမှ အိမ်ခွဲနေရန် အမှန်တကယ်ပင် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ 

" နောက်ပိုင်း ကျောက်မီးသွေးတွေ သုံးလို့ကုန်သွားရင် မင်းရဲ့ဇနီးကို ငါ လာရှာလိုက်မယ်။ ပစ္စည်းကောင်းတာတွေ ရနိုင်ဖို့ သေချာပါစေ " လင်းချင်းဟယ်က လူငယ်လေးကို ပြောလိုက်သည်။

" ဒီအကြောင်းကို ဘယ်သူကိုမှ သိခွင့်မပေးပါနဲ့ " လူငယ်က ခေါင်းညိမ့်ပြီး ထုတ်ပြောသည်။ 

" သေချာတာပေါ့ ငါ့မိသားစုမှာ ကျွေးမွေး ပြုစုပျိုးထောင်ရမယ့် သား သုံးယောက် ရှိသေးတယ်။ ဒါကြောင့် မင်းရဲ့ကျောက်မီးသွေးအပေါ်ပဲ မှီခိုအားထားရတော့မယ် " လင်းချင်းဟယ်က အခိုင်အမာ ပြောဆိုသည်။ 

နှစ်ဘက်စလုံး တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ လူငယ်လေးက ဒယ်အိုး ထည့်ထားသော နိုင်လွန်အိတ်နှင့်အတူ စက်ဘီးစီးပြန်သွားသည်။ လင်းချင်းဟယ်က ပစ္စည်းကို စောင့်ကြည့်ရန် အရောင်းဝန်ထမ်းအား ပြောပြီးနောက် ကျိုးတုန်းကို ခေါ်ရန် ထွက်လာသည်။ 

ကျောက်မီးသွေးမီးဖိုနှင့် ကြီးမားသော ကျောက်မီးသွေးအိတ် တစ်ဝက်ကို မြင်သည်နှင့်တစ်ပြိုင်နက် ကျိုးတုန်းသည် ထပ်မံ အံ့သြ ကြက်သေ သေသွားပြန်သည်။ 

သူ့ဒေါ်လေးက တကယ် လုပ်နိုင်စွမ်းရှိတာပဲ……… မြို့ပေါ်နေ မိသားစုတွေ အသုံးပြုတဲ့ ကျောက်မီးသွေးမီးဖိုနှင့် ကျောက်မီးသွေးကိုတောင် ရှာနိုင်တယ်။ 

ဒါပေမယ့် ဒါက……… ဘယ်လောက်တောင် ကုန်ကျသွားမလဲ????

အောင်မြင်စွာ အလဲအလှယ် လုပ်ပြီးသွားပြီးနောက် အရောင်းဝန်ထမ်းသည် ပြန်သွားသည်။ လင်းချင်းဟယ်သည် မှောင်ခိုဈေးဆီ တစ်ဖန်ပြန်ပြေးသွားပြီး လှည့်ပတ်ကာ လျှောက်ကြည့်ပြန်သည်။ သူမ ထိုနေရာတွင် ရှိနေစဉ် နယ်မြေထဲမှ ခေတ်ဟောင်း ကိုင်းနှစ်ခုပါ ဒယ်အိုး နောက်တစ်ခုကို ထုတ်ယူကာ နိုင်လွန်အိတ်ဖြင့် ထုတ်ပိုးပြီး လှည်းထဲ ထည့်လိုက်သည်။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now