Chapter-123

3.5K 441 5
                                    

Unicode

အခန်း (၁၂၃) - မျိုးဆက်ကွာဟချက်ကြီး

အစ်မမိန်က စားစရာလက်မှတ်နှင့် ပိုက်ဆံပေးပြီးနောက် ယင်းတို့ကို လင်းချင်းဟယ်က အိမ်ပြန်သယ်လာလေသည်။

သူမ အိမ်ပြန်ရောက်ချိန်တွင် စောနေသေးသော်ငြား ယခုအချိန်၌ ဝက်စာများ ထပ်ချက်ပြုတ်ရန် လိုသေးသည်။ အိမ်နောက်ဖေးရှိ ဝက်နှစ်ကောင်လုံးက အကောင်ကြီးလာပြီး ဆူဖြိုးသော ဝက်များ ဖြစ်လာကြသည်။ သူတို့က ဗိုက်ဆာမြန်သည်။

ယခုက သူတို့ အသားတိုးရန် အချိန်ဖြစ်သောကြောင့် လင်းချင်းဟယ်က သူတို့ကို ကျွေးနေတာ ဖြစ်သည်။

သူမ တစ်ခဏတာ ကြိုးစားပမ်းစား လုပ်နေပြီးနောက် စုချန်လေးကို ချီလျက် အမေကျိုးက ဝင်လာတော့သည်။

အမေကျိုးသည် စုချန်လေးကို သူ့ဘာသာသူဆော့နိုင်အောင် အခန်းထဲ ထားခဲ့ပြီး ကူညီရန် ထွက်လာတော့သည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ " လုပ်စရာ သိပ်မရှိဘူး၊ အမေ အနားသွားယူလေ"

အမေကျိုးက ပြန်ပြောသည်မှာ " နားဖို့ မလိုပါဘူးအေ၊ ကလေးလေးတစ်ယောက်ပဲ ထိန်းရရုံကို၊ ငါ ဘယ်လိုလုပ် ပင်ပန်းမှာလဲ"

လင်းချင်းဟယ်က ချက်ပြုတ်ပြီး ဝက်စာများကို အမေကျိုးအား ပေးပြီး ပြောလိုက်သည်။

"အဖေက ဒီမနက် မနက်စာ ဘာလို့ လာမစားတာလဲ"

"ညည်းအဖေကို အိမ်မှာပဲ မနက်စာ စားပါစေ" အမေကျိုးက သူမ ထိုအကြောင်းကို ပြောလာလိမ့်မည်ဟု မထင်ထားပေ။ သူမက ခဏတာ မှင်တက်နေပြီးနောက် ဖြေလိုက်တာ ဖြစ်သည်။

"ဒီတစ်နပ်ကို အလွတ်မခံနဲ့၊ အမေက ညဘက်ကြီး ထပြီး စုချန်လေးကို နို့တိုက်ရမှာလေ၊ မနက်ကျ အလုပ်ရှုပ်ခံပြီး ထဖို့ မလိုဘူး၊ အဖေ့ကိုပဲ ဒီလာပြီး စားခိုင်းလိုက်ပါ၊ ကျွန်မ ပေါင်းချက်လိုက်မယ်၊ ချက်ဖို့က အတော် အဆင်ပြေပါတယ်" လင်းချင်းဟယ်က တိုက်တွန်းလိုက်သည်။

သူမက ထိုအကြောင်းကို ကျိုးချင်းပိုင်နှင့် မတိုင်ပင်ခဲ့ပေ။ ထိုသို့တိုင် သူတို့လင်မယား၌ တူညီသည့်အတွေး ရှိပေ၏။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now