Chapter-145

3.6K 472 2
                                    

Unicode

အခန်း (၁၄၅) - ဘိုးဘေးများဆီ ဂုဏ်သရေ ဆောင်ယူလာခြင်း

ယခုနှစ် အိမ်တွင် နှစ်သစ်ကူးညစာက ရင်ထဲထိစေသော ထမင်းတစ်နပ် ဖြစ်ခဲ့တာ သံသယဖြစ်ဖွယ် မရှိပေ။

ပန်းကန်ပြားထဲ ကြော်ထားသော ကြက်က စုတာ့လင်း သယ်လာသော အကောင်ဖြစ်သည်။ ထိုကြက်ကြော်ကို သီးသန့်စားလျှင်လည်း အလွန်အရသာ ရှိပြီး လင်းချင်းဟယ်လုပ်ထားသော ငရုပ်နှစ် ထည့်လျှင် အရသာက ပိုကောင်းသွားသည်။

ထို့အပြင် အစပ်အရသာက အနည်းငယ် ကဲသော်ငြား အရသာ ကောင်းသည်။

အခြားသောဟင်းပွဲများစွာလည်း ပါခဲ့ပြီး အားလုံးက အလွန်အရသာ ရှိသည်။ စားခွင့်မကြုံသော ဝက်ဆားနယ်ခြောက်လည်း စားပွဲပေါ်တွင် ရှိသည်။

ကြံမဆိုင်နှင့် ဝက်ဆားနယ်ခြောက်၊ အရသာက ပြောရန်မလိုပေ။

"အဖေနဲ့အမေ ဘယ်လောက်ပဲ အသားပြည့်လာ ပြည့်လာ၊ သူတို့ ဒီလာပြီး စားတယ်ဆိုမှတော့ အစ်မရဲ့ လက်ရာက သာလွန်နေသေးတာပဲ" ကျိုးရှောင်မိန်က ပြောလိုက်သည်။

"ဒီမှာ ပင်လယ်စာ မရှိဘူး၊ ပင်လယ်စာသာရှိရင် ဟင်းချက်လက်ရာ ဘာဆိုတာ နင့်ကို မြင်ခွင့်ပေးမှာ" ဟု လင်းချင်းဟယ်က ပြောသည်။

ဤနေရာက ကုန်းတွင်းပိုင်းဖြစ်သောကြောင့် ပင်လယ်စာ အလွန်နည်းသည်။ အလွန်ဆုံးမှ ရေချိုငါးနှင့် ပုစွန်များသာ ရသည်။

"ပင်လယ်စာလိုချင်ရင် ကမ်းရိုးတန်းကို သွားသင့်တယ်၊ ဒီမှာက မရှိဘူး" ကျိုးရှောင်မိန်က ပြောသည်။

"မင်း ဘယ်လိုချက်ရမလဲသိလား" ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်လိုက်သည်။

"သိတာပေါ့၊ ရှင် ပင်လယ်စာ တွေ့မိလို့လား" လင်းချင်းဟယ်က သူ့ကို မေးလိုက်၏။

"အရင်အခေါက်က ကိုယ့်ရဲဘော်ရဲဘက်က အဲဒီကဏန်းတွေ ယူသွားဖို့ ပြောတယ်၊ ဒါပေမဲ့ ကိုယ် မယူလာဘူး" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

"ဒါဆို ရှင်ကျွန်မကို ဘာလို့ မမေးတာလဲ" လင်းချင်းဟယ်က မမေးဘဲ မနေနိုင်တော့ပေ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now